ပူတာအိုခရိုင်အတွင်းမှ ပူတာအို-နမ်ထွမ်ခူးလမ်းအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ပူတာအို    မေ   

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန (ပြည်ထောင်စု)ရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ပူတာအို-နမ်ထွမ်ခူး ကျောက်ခင်းလမ်းနှင့် နမ်ထွမ်ခူး‌ကျေးရွာ ရေပေး‌ဝေရေးလုပ်ငန်းအတွက် အရှည်(၁/၄)မိုင် ရေပိုက်သွယ်တန်းခြင်း၊ ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန်တည်ဆောက် ခြင်း၊ (၂၅×၃×၅)ပေရှိ ရေတားတမံတည်‌ ဆောက်ခြင်းလုပ်ငန်းစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက် (၉)နာရီတွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တာဝန်ရှိသူများ လိုက်ပါ၍ ပူတာအိုမြို့မှ နမ်ထွမ်ခူးကျေးရွာသို့ ဆက်သွယ်ထား သော အရှည်(၁၄)မိုင်ရှိ ပူတာအို-နမ်ထွမ်ခူးလမ်းပေါ်ရှိ ဌာနခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၈၇.၀၀၁)ဖြင့် တိုးတက်သော ရွှေနိုင်ငံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အရှည်(၁/၄)မိုင်ကျောက်ခင်းခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ဌာနက သတ်မှတ်ထားသော စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားသည်။

အဆိုပါ လမ်းအရှည်(၁၄)မိုင် အနက်(၅)မိုင်ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ပြီး ကျန်ရှိသော လမ်းအရှည်(၉)မိုင်အား ၂၀၁၈−၁၉ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် သန်း(၇၀၀)ဖြင့် လမ်းအရှည်(၅/၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ကိုလည်းကောင်း၊ ဒုတိယခြောက်လပတ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ်သန်း(၂၅၆.၂၄)ဖြင့် လမ်းအရှည်(၂)မိုင် ကျောက်ခင်းခြင်းလုပ်ငန်းကို လည်ကောင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုအခါကျန်ရှိ နေသော ၎င်းလမ်းအရှည်(၁/၄)မိုင် ကျောက်ခင်းခြင်းလုပ်ငန်း အပြီးသတ်ဆောင်ရွက် နေကြောင်းသိရသည်။

ယခင်က ပူတာအိုမြို့မှ နမ်ထွမ်ခူးကျေးရွာကို တစ်ရက်ခရီးဖြင့် ခက်ခက်ခဲခဲသွားလာကြရပြီး ယခုဆိုလျှင် အဆိုပါလမ်းခရီးကို မိနစ်ပိုင်းဖြင့် ရာသီအချိန်အခါမ‌ရွေးသွားလာနိုင်ပြီဖြစ်‌ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးမှု‌ ကြောင့် ပူတာအို-နမ်ထွမ်ခူးလမ်းသည် နမ်ထွမ်ခူးကျေးရွာနှင့် နမ်စေကျေးရွာများတွင် နေထိုင်ကြသော အိမ်ထောင်စု(၃၀၀)ကျော်၊ လူဦးရေ(၃၀၀၀)တို့အတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုနိုင်မည်ဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးထံမှသိရသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်နယ်)ရန်ပုံငွေ ကျပ်သန်း(၃၀.၈)သန်းဖြင့် မချမ်းခကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လူဦးရေ(၃၀၀၀)ကိုအကျိုးပြုမည့် အရှည်(၁/၄)မိုင်ရှိသော နမ်ထွမ်ခူးကျေးရွာနေ ပြည်သူများ သောက်သုံးရေရရှိရေး လုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း စံချိန်စံနှုန်းနှင့်အညီ စေတနာထားပြီးဆောင်ရွက်ရေးနှင့် လိုအပ်သည်များကိုဖြည့်ဆည်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆန်းညွှန့်(ပူတာအို)

Post Paragraph