ပူတာအိုမြို့နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့်တံတားများအားကွင်းဆင်းစစ်ဆေး

ပူတာအို အောက်တိုဘာ ၂၃

နယ်စပ်ရေးရာ၀န်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နယ် စပ်ဒေသများ လမ်းပန်ဆက်သွယ်ရေးကဏ္ဍကောင်းမွန်ရေးဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင် ဦးနှင့်အဖွဲ့၀င်များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုနယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးသည့် တံတားများအား အောက်တိုဘာ(၂၂)ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့်တာ၀န်ရှိသူများသည် ပူတာအိုမြို့နယ် လန်းတောင်ကျေးရွာအုပ်စု၊ မာမိန်းနှင့်မာမိန်းရှီးဒီကျေးရွာချင်းဆက်လမ်းပေါ်တွင် အရှည်(၅၀)ပေ၊ အကျယ် (၁၄)ပေ နှစ်လွှာတစ်ထပ်ဘေလီတံတားနှစ်စင်းအား ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေကျပ်သန်းပေါင်း(၂၆၁.၄၅)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် မချမ်းခဆောက်လုပ်ရေးကုမ္ပဏီ ကတာ၀န်ယူဆောင်ရွက်ပြီးစီးခဲ့သည့်တံတားနှစ်စင်းအားကြည့်ရှုစစ်ဆေးခဲ့ကြရာ ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံး၏အနီးကပ်ကြီးကြပ်မှုဖြင့် လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီရာနှုန်းပြည့်ပြီးစီး အောင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဘေလီတံတားနှစ်စင်းတည်ဆောက်ပေးနိုင်ခဲ့ခြင်းကြောင့် မကပ်မုံ၊လန်းတောင်၊ဇီးအွန် ကျေးရွာ အုပ်စု(၃)အုပ်စု၊ကျေးရွာ(၁၅)ရွာ၊အိမ်ခြေ(၁၅၃၇)အိမ်၊အိမ်ထောင်စု(၁၅၇၁)စုနှင့် လူဦးရေပေါင်း(၈၉၀၃)ဦးတို့ အတွက် လမ်းပန်းဆက်သွယ်ရေး၊ပညာရေး၊ကျန်းမာရေးကဏ္ဍများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးပြုမည်ဖြစ်ကြောင်း ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှသိရသည်။