ရေဖြူမြို့နယ်မှ သဘာဝဘေးကြောင့် ပျက်စီးသွားသောလမ်းများကို ပြန်လည်ပြုပြင်လျက်ရှိ

ရေဖြူ မေ ၁၄

            တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လမ်းနှင့်တံတားလုပ်ငန်းများအနက် သဘာဝဘေးကြောင့် ပျက်စီးသွားသောလမ်းများကို ပြန်လည်ပြုပြင်လျက်ရှိကြောင်း သိရသည်။

            သုဝဏ္ဏဒေဝီကုမ္ပဏီက ပြည်ထောင်စုရန်ပုံငွေကျပ် ၃၀၈ ဒသမ ၇၆ သန်းဖြင့် တင်ဒါအောင်မြင် ဆောင်ရွက်နေသော ပေါက်ပင်ကွင်း-မလွှဲတောင်ကျေးရွာချင်းဆက်လမ်း လေးမိုင်ပေါ်မှ သဘာဝဘေးကြောင့် ပျက်စီးသွားသော လမ်းပိုင်းကို ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ကာ လုပ်ငန်းဆောင်ရွက်နေမှုကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ကြီးကြပ်ရေးမှူး ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး တာဝန်ခံအင်ဂျင်နီယာများအား ပျက်စီးသွားသောလမ်းမျာကို သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ပြုပြင်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။

မြို့နယ် (ပြန်/ဆက်)