ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်းကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းအဆင့်မြှင့်တင်ဆောင်ရွက်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ်အတွင်းရှိ နယ်စပ် ဒေသတိုင်းရင်းသားပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေကောင်းမွန်စေရေးအတွက် နန်းတော်ကုန်း ကျေးရွာအုပ်စု၊ နန်းတော်ကုန်း - ကောင်မိန်း( လွယ်ဝိန်း )ကျေးရွာချင်းဆက်လမ်း (၁/၆) မိုင်အား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကျပ် (၂၄၁.၃၇၇) သန်းဖြင့် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်သို့ ကျောက်မဲခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သက်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ပါကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။