ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာနမှ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နယ်မြေအတွင်းဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ‌ဒေသတွင်းလမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက်  ကွတ်ခိုင်မြို့နယ် မုံးကိုး - မန်ဂျက် - ပန်လုံ - လွယ်ကန် - ကီလာပ( ၈ ) မိုင် လမ်းပိုင်းအား နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ်( ၁၁၆ . ၇၅၂ )သန်းဖြင့် ဗြုန်းကျောက်ခင်းခြင်း (၄/၀)မိုင်အား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်းခွင်သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာဝင်းနှင့်တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ပြီး သတ်မှတ် စံချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရ ပါသည်။