ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းကို အကျိုးပြုဆက်သွယ်ပေးမည့် ကျောက်ဂူ၊ နောင်ဝိုး၊ နမ့်လန်လမ်း

သီပေါ ဇွန် ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသများ အလွယ်တကူ ကူးသန်းသွားလာနိုင် မည့် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သော ကျောက်ဂူ-နောင်ဝိုး-ပန်ဝသဘာဝတံတား ကုန်းဆာ- နမ့်လန် - သီပေါလမ်းကြောင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ၂၀၁၉ ခုနှစ် မတ်လအတွင်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ကျောက်ဂူ သဘာဝတံတားအထိ လမ်းပိုင်းကို နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တို့က လည်းကောင်း၊ သီပေါ-နမ့်လန် သဘာဝတံတားအထိ လမ်းပိုင်း ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လည်းကောင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ကျောက်ဂူ - နောင်ဝိုး - နမ့်လန် လမ်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနပိုင် လမ်းဖြစ်လာသည်။ ယင်းလမ်းသည် လမ်းတစ်လျှောက်ရှိကျေးရွာ ၇၀၊ အိမ်ခြေ ၆၉၂၉ အိမ်၊ လူဦးရေ ၃၄၄၃၈ ကို အကျိုးဖြစ်ထွန်းစေပြီး စုစုပေါင်း ၅၁ မိုင် ၆ ဖာလုံ ရှည်လျား သည်။ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၃၆ မိုင် ၂ ဖာလုံနှင့် ရှမ်းပြည်နယ်မြောက် ပိုင်းမှ ၁၅ မိုင် ၄ ဖာလုံ တာဝန်ယူ ထိန်းသိမ်းပြီး ရှမ်းပြည်နယ်မြောက် ပိုင်း သီပေါမြို့နယ် လမ်းဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ စုစုပေါင်း ၉၁၈ ဒသမ ၅၁ သန်းဖြင့် လည်းကောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်တွင် ရန်ပုံငွေ ၁၃၉၀ ဒသမ ၈၆၇ သန်းဖြင့် လည်းကောင်း၊ ၁၈ ပေ အကျယ်၊ ကွန်ကရစ် ၂ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၃ ဒသမ ၅ ဖာလုံ အာရ်စီတံတား၊ မြေသားပေါင် ပြုလုပ်ခြင်းနှင့် ပြုန်းလမ်းခင်းခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် ထားကြောင်း သီပေါမြို့နယ်လမ်းဦးစီး ဌာနမှူး ဒေါ်ပိုးအိအိစိုးက ပြောသည်။

ယခုလက်ရှိ အများဆုံးအသုံးပြု သွားလာနေကြသော ပြင်ဦးလွင်-နောင်ချို-ဂုတ်တွင်း(ဂုတ်ထိပ်)သီပေါ- ကျောက်မဲ - လားရှိုး လမ်းကြောင်း သည် အဓိကပင်မဆက်သွယ်ရေး လမ်းမကြီးတစ်ခုဖြစ်သော်လည်း ဂုတ် တွင်း၌ ရံဖန်ရံခါ ကုန်တင်ယာဉ် တွဲကားကြီးများ လမ်းချော်တိမ်း မှောက်မှုဖြစ်ပါက ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်တတ်ရာ လမ်း ပြန်ဖွင့်သည်အထိ အနည်းဆုံး ငါးနာရီ ခန့် စောင့်ဆိုင်းရသည်။ ရွှေညောင်၊ ရပ်စောက်၊ အင်တော၊ ကျောက်ဂူ၊ နောင်ချိုလမ်းသည် အတက်၊ အဆင်း မတ်စောက်ပြီး ဒုဋ္ဌဝတီတံတားကို ဖြတ်ကျော်ရမည့်အပြင် နောင်ချို အလွန် ဂုတ်တွင်းကိုဖြတ်ပြီးမှ ကျောက်မဲ၊ သီပေါ၊ လားရှိုးသို့ ရောက် နိုင်မည်ဖြစ်သည်။ ယခု ဖောက်လုပ် ပြီးစီးသော ရပ်စောက်၊ အင်တော၊ ကျောက်ဂူ၊ နောင်ဝိုး၊ ပန်ဝသဘာဝ တံတား ကုန်းဆာ၊ နမ့်လန်လမ်းသည် သီပေါမှတစ်ဆင့် လားရှိုးသို့ဆက်သွယ် ထားပြီး ကျောက်ဂူ၊ နောင်ချိုလမ်း ထက် ခရီးမိုင် ၃၀ နှင့် တောင်ကြီး၊ လွိုင်လင်၊ လဲချား၊ မိုင်းကိုင်၊ ပန်ကေတု၊ နမ့်လန်၊ သီပေါလမ်းထက် ခရီးမိုင် ၂၀ ကျော် တိုတောင်း သက်သာသွားကြောင်း သိရသည်။

စိုင်း(သီပေါ)