သိန္နီမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

အောက်တိုဘာ ၁၆

            နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ နှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်အတွင်း၊ မြေလမ်း (၂/၄) မိုင်၊ ကျောက်ချောလမ်း (၄) မိုင်၊ ကတ္တရာလမ်း (၁) မိုင်နှင့် Box Culvert (၉) စင်းတို့အား နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၇၉၈ ဒဿမ ၇၄၉) သန်းဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပြီးဖြစ်ပါသည်။

            အဆိုပါလုပ်ငန်းများအနက် သိန္နီမြို့နယ် နားကုန်း-ဟိုဆော်လမ်း (၄/၀) မိုင် အနက် (၁/၀) မိုင်ဆောင်ရွက်ပြီး ကျန် (၃/၀) မိုင်လမ်းပိုင်းအား ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းအား ခွင့်ပြု ရန်ပုံငွေကျပ် (၄၀၅.၆၀၇) သန်းဖြင့် ရာနှုန်းပြည့်ဆောင်ရွက်ခဲ့ပြီး အဆိုပါကျောက်ချောလမ်းပေါ်ရှိ လိုအပ်သော နေရာများတွင် (၅×၅×၂၆) ပေ Box Culvert (၃) စင်းအား ခွင့်ပြုရန်ပုံငွေကျပ် (၁၃.၄၅၃) သန်းဖြင့် လုပ်ငန်းများအား တစ်ချိန်တည်း ရာနှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

          ယင်းကျောက်ချောလမ်းနှင့် Box Culvertများ တည်ဆောက်ပေးခြင်းဖြင့် နားကုန်း ကျေးရွာနှင့် ဟိုဆော်ကျေးရွာရှိ နယ်စပ်ဒေသ တိုင်းရင်းသားပြည်သူများ ရာသီမရွေးသွားလာနိုင်ပြီး ကျေးရွာနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း သိရှိရပါသည်။