၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၁၇ ခုနှစ်၊ ဇွန် ၂၈ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၇၂၃ဝ.၅ဝ၆) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါခေါ်ယူခဲ့ပြီး ယနေ့နံနက် (၁၀)နာရီ အချိန်တွင် တင်ဒါဖွင့်လှစ်ပွဲ အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန ရုံးအမှတ် (၄၂) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တင်ဒါစိစစ်ရွေးချယ်ရေး ဗဟိုအဖွဲ့ ဉက္ကဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းရှင် ကုမ္ပဏီများ တက်ရောက်ခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လ့ကျင့်ရေး ဦးစီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် Lot-၂၇ ခု လုပ်ငန်းပေါင်း (၁၄ဝ) ခု အတွက် ကုမ္ပဏီပေါင်း (၃၁၄) ခုတို့အား တင်ဒါခေါ်ယူ၍ ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ရွေးချယ် ဆောင်ရွက်ခဲ့သည်။

 

Post Paragraph