အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်အပံ့ဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်မည့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအတွက် ပွင့်လင်းမြင့်သာစွာ တင်ဒါဖွင့်လှစ်ဆောင်ရွက်

နေပြည်တော်၊ ဇန်နဝါရီ  ၈
    နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာ၀န်ယူဆောင်ရွက်မည့် အိန္ဒိယသမ္မတနိုင်ငံ၏ တတိယအကြိမ် အထောက်ပံ့ဖြင့် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆောင်ရွက်မည့် လမ်း/တံတား၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါများ ခေါ်ယူခဲ့ပြီး ယနေ့နံနက် (၁၀) နာရီအချိန် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ တင်ဒါဖွင့်လှစ်ပွဲအခမ်းအနား ကျင်းပပြုလုပ် ခဲ့ရာ တင်ဒါစိစစ်ရွေးချယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
    ရှေးဦးစွာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်မှ တင်ဒါခေါ်ယူရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
    ထို့နောက် တိုင်းရင်းသားကုမ္ပဏီများမှ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုပ်ငန်းများအတွက် တင်ဒါအဆိုပြုစျေးနှုန်းများ ယှဉ်ပြိုင်ခဲ့ကြသည်။
    ယနေ့ပြုလုပ်သည့် တင်ဒါရွေးချယ်ဆောင်ရွက်မှုအတွက် ကုမ္ပဏီပေါင်း (၉၄) ခုအား (Profile) စိစစ်ရွေးချယ်ဆောင်ရွက်ခဲ့သည့်အနက် (Profile) အောင်မြင်သည့် ကုမ္ပဏီ (၆၄) ခု တို့အား တင်ဒါခေါ်ယူ၍ ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

Post Paragraph