October 2016

နယ်စပ်ရေးရာဝန်ကြီးဌာနက နယ်စပ်ဒေသများမှ စာပေပရိယတ္တိသင်ကြားလျှက်ရှိသာ တိုင်းရင်းသား/တိုင်းရင်းသူ သာမဏေ၊ သီလရှင်၊ ကျောင်းသား/ကျောင်းသူများအတွက် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ ၂၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကျောင်းများ ဖြစ်သည့် ကလေးဝတောရ၊ ပိတောက်ရွှေဝါ၊ ရတနာ့ဗိမာန်ကျောင်းများ၌  စာပေပရိယတ္တိသင်ကြား လျက်ရှိသော နယ်စပ်ဒေသများရှိ တိုင်းရင်းသားလူမျိုးစု (၂၂) စုမှ သာမဏေ၊ သီလရှင်၊ ကျောင်းသား/ကျောင်းသူများအတွက် ၁၉၉၃ ခုနှစ်မှစတင်၍ ၂၀၁၆ ခုနှစ် ယနေ့အထိ လစဉ် ဆန်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခဲ့သည်မှာ (၂၃) နှစ် ရှိခဲ့ပြီး ဖြစ်ပါသည်။

standard

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သင်တန်းဆင်းပွဲ တက်ရောက်အမှာစကား ပြောကြား ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၆၅) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၉၅) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာလ ၂၈ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် ယနေ့ နံနက် (၀၈:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) ရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည့် စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ် (၆၅) နှင့် စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၉၅) သင်တန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

standard

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သင်တန်းဆင်းပွဲ တက်ရောက်အမှာစကား ပြောကြား

ရန်ကုန် အောက်တိုဘာ ၂၇
    ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ၏ ၂၀၁၆ ခုနှစ်၊ သင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အဆိုပါဒီဂရီကောလိပ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။

standard