November 2021

စက်မှုလက်မှုပညာသင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်

နေပြည်တော်၊ သက်မွေးပညာ
နိုဝင်ဘာလ ၂၂ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာသင်တန်းကျောင်း အောင်ပန်း၊ လပွတ္တာ၊ ပုဏ္ဏားကျွန်း၊ ဘားအံတို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမအကြိမ်သင်တန်းတွင် ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင် သင်တန်းနှင့် လက်ကိုင်ဖုန်းပြင် သင်တန်းတို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကိုနိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းများ၌ ကျင်းပသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဧကာဒသမအကြိမ် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ  ၁၈  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်ဇနီး တို့အား အမှူးထား၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ဧကာဒသမ အကြိမ်မြောက် မဟာဘုံကထိန်အလှူတော် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉:၃၀) နာရီ အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

standard