January 2022

နယ်စပ်ရေးရာဝန်ကြီးဌာန မှ ဘုန်းကြီးကျောင်းများ ၊ Church ကျောင်းများ နှင့် ကိုဗစ်-၁၉စင်တာများသို့ ထောက်ပံ့လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၂၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် ဆွမ်းဆန်တော် ၊ ဆီ ၊ ကုလားပဲ အမယ်သုံးမျိုးကို ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း ၊ သာမဏေများအတွက် ဆက်ကပ် လှူဒါန်းလျက်ရှိသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးဆိုင်ရာအထောက်အကူပြု ပစ္စည်းများနှင့်အင်အားဖြည့် အစားအစာများကိုထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။

standard

ဂျပန်ဘာသာစကားသင်တန်း ဖွင့်လှစ်ခြင်းစီမံကိန်း (Japanese Language Programme)

    ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ၊ Japan Myanmar Association တို့ ပူးပေါင်း၍ အမေရိကန်ဒေါ်လာ ၀.၃ သန်းဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၃ နှစ် သက်တမ်းရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းများမှ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဆင်းသင်တန်းသား/သူများကို ဂျပန်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ဂျပန် ဘာသာစကားသင်တန်းဖွင့်လှစ်ပေးခြင်းစီမံကိန်းအား ၁၃-၉-၂၀၁၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။ နားလည်မှုစာချွန်လွှာအရ သင်တန်း ၁ ကြိမ်လျှင် သင်တန်း သူ ၂၅ ဦး၊ သင်တန်းကာလ ၆ လဖြင့် စီမံကိန်းကာလအတွင်း သင်တန်း ၅ ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီ

standard

နယ်စပ်ရေးရာဝန်ကြီးဌာနက ကိုဗစ်စင်တာများသို့ ဆေးဝါးများ၊အင်အားဖြည့် အစားအစာများ ထောက်ပံ့လှူဒါန်း

ဇန်နဝါရီလ ၂၃ ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်း ဆန်တော်၊ ဆီ၊ ကုလားပဲများကို ဘုန်းတော်ကြီးကျောင်းများရှိ ရဟန်းသာမဏေများအတွက် ဆပ်ကပ်လှူဒါန်းလျက်ရှိသည့်အပြင် ကိုဗစ်-၁၉ ရောဂါကုသကာကွယ်ရေး စင်တာများတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ အင်အားဖြည့်အစားအစာများ၊ ဆေးဝါးများ၊ ရေသန့်များကိုလည်း ထောက်ပံ့လှူဒါန်းလျက်ရှိပါသည်။

standard

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

ဇန်နဝါရီ လ ၂၂  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်တွင် ဇမ္မူသီရိမြို့နယ် အေးမြရွှေပြည်ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ဆား ၊ ကုလားပဲ ၊ ကြက်ဥနှင့် အခြားစား‌သောက်ဖွယ်ရာများအပြင် သံဃာတော်များ၊ စာသင်သားသာမဏေများ အတွက် ဗုဒ္ဓစာပေ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအား လှူဒါန်းခဲ့ပါသည်။

standard