ဇွန်လ   ၂၂  ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၄၇၉ သန်းဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက် - ပင်လည်ဘူးလမ်းပေါ်ရှိ ချောင်းကြီးအဝေရာ ပေ ၂၀၀ ဘေလီတံတား တည်ဆောက်ပြီးစီးမှုအခြေအနေများအား ဗန်းမောက် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်ထွန်းနှင့်အဖွဲ့ဝင်များ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ ဗန်းမောက် မြို့နယ်နှင့် ပင်လည်ဘူးမြို့နယ်များအတွင်းရှိ ကျေးရွာ ၄၈၈ ရွာ၊ အိမ်ခြေ ၄၂၃၁၃ အိမ်၊ လူဦးရေ ၂၃၆၀၅၅ ဦးတို့အတွက် များစွာ အကျိုးပြုလျက်ရှိသဖြင့် ဒေသခံပြည်သူများ ဝမ်းမြောက် ပျော်ရွှင် လျက်ရှိကြောင်း သိရှိရသည်။

standard