ဗန်းမော်မြို့နယ်အတွင်းရှိ ကံ့ကော်ချောင်းကူး ၄၀ ပေ ကွန်ကရစ်တံတားရာနှုန်းပြည့်ပြီးစီး

ဩဂုတ်လ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် လမ်း/ တံတား လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၈၉ သန်းဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်းရှိ နတ်ခုတ် - ဗူးတောင်းလမ်းပေါ်ရှိ ကံ့ကော်ချောင်းကူး (၄၀) ပေ ကွန်ကရစ်တံတား ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှုအခြေအနေများအား ဗန်းမော်ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြား ရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများ ယနေ့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နတ်ခုတ် - ဗူးတောင်း လမ်းပေါ်ရှိ ကံ့ကော်ချောင်းကူး ကွန်ကရစ်တံတားတည်ဆောက်ပေးနိုင်ခဲ့မှုကြောင့် ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ် အနောက်ဘက် ကမ်းရှိ ကျေးရွာ ၈ ရွာ၊ အိမ်ခြေ ၁၃၃၂ အိမ်၊ လူဦးရေ ၄၂၂၁ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးတို့အား များစွာအကျိုးပြုလျက် ရှိကြောင်းသိရှိရသည်။