နယ်စပ်ရေးရာဝန်ကြီးဌာနအတွင်းရှိ ဦးစီးဌာန(၂)ခုနှင့် အခြားဝန်ကြီးဌာန၊ အဖွဲ့အစည်း များမှ ဝန်ထမ်းများအား ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင် ရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေးမြင့်မားစေရန် ၁၉၉၈ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ သင်တန်းသား ၅၉၂၇ ဦး၊ သင်တန်းသူ ၉၉၀၀ဦး၊ စုစုပေါင်း ၁၅၈၂၇ ဦးဖြင့် သင်တန်းအကြိမ်ပေါင်း (၃၇၅)ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ ပူးတွဲ ဇယား (စာရင်းချုပ်)
ဘဏ္ဍာရေးနှစ် တစ်နှစ်အတွင်း အောက်ပါသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် သင်ကြား ပို့ချပေးလျက်ရှိပါသည်-
စဉ် သင်တန်းအမည်
(က) အဆင့်မြင့်အရာထမ်းများ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ခြင်းသင်တန်း
(ခ) ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး
လုပ်ငန်းစဉ်ဆိုင်ရာခေါင်းဆောင်မှုသင်တန်း
( ဂ) စီမံခန့်ခွဲရေးသင်တန်း
(ဃ) အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း
( င) စာရေးဝန်ထမ်းသင်တန်း
( စ) ခေတ်မီမော်တာအထည်ချုပ်စက်သင်တန်း
(ဆ) စက်ကြီးပန်းထိုးသင်တန်း
( ဇ) ဘဏ္ဍာရေးစည်းမျဉ်းအထူးသင်တန်း
(ဈ) ပစ္စည်းထိန်းသင်တန်း
(ည) လုပ်ငန်းခွင်သုံးဂျပန်ဘာသာစကားသင်တန်း