စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၀)၊ စက်ကြီးပန်းထိုးသင်တန်းအမှတ်စဉ်(၅)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၀၃) လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများဆင်းပွဲ

ရန်ကုန်၊ ဒီဇင်ဘာ  ၂၈  ရက်
         နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဖွင့်လှစ်ခဲ့သည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖြစ်သည့် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၇၀)၊ စက်ကြီးပန်းထိုးသင်တန်းအမှတ်စဉ်(၅)၊ စာရေးဝန်ထမ်း သင်တန်းအမှတ်စဉ် (၁၀၃)သင်တန်းများဆင်းပွဲ အခမ်းအနားကို နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၃၉)ဦးဖြင့် ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသန့် တက်ရောက်၍ သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး  သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ သင်တန်းကာလမှာ (၈-၁၀-၂၀၁၈) မှ (၂၈-၁၂-၂၀၁၈) ရက်နေ့ထိ ရက်သတ္တ (၁၂)ပတ် ကြာမြင့်ခဲ့ပါသည်။

 

Post Paragraph