စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၆၅)နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၉၅) သင်တန်းများဖွင့်ပွဲ

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်
     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၆၅)နှင့် စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ် (၉၅) သင်တန်းများဖွင့်ပွဲ ခမ်းအနားကို သင်တန်းသား၊ သင်တန်းသူ (၁၁၀)ဦးတို့ဖြင့် (၈-၈-၂၀၁၆)ရက်နေ့၊ တနင်္လာနေ့၊ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဦး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။
     အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၆၅)(ဝန်ကြီးရုံး၊ နေပြည်တော်စည်ပင်၊ နယ်စပ်ဦးစီး၊ ပညာ/လေ့ကျင့်၊ တိုင်းဒေသကြီး ပြည်နယ် စည်ပင်)နှင့်  စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၉၅) ( ဝန်ကြီးရုံး၊ နယ်စပ်ဦးစီး၊ ပညာ/လေ့ကျင့် ဦးစီး၊ တိုင်းဒေသကြီး/ ပြည်နယ်စည်ပင်) စုစုပေါင်းသင်တန်းသား/သူ(၁၁၀) ဦး၊ ဧည့်သည်တော်များနှင့် ဗဟိုလေ့ကျင့်ရေးကျောင်းရှိ ဝန်ထမ်း အင်အား (၈၅)ဦး စုစုပေါင်း အင်အား(၁၉၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

 

Post Paragraph