ဦးစီးဌာနနောက်ခံသမိုင်းကြောင်း

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နောက်ခံသမိုင်းကြောင်း

     နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်းစုစုပေါင်း (၂၀၇) ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့၏လက်အောက်တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့်အမှတ်စဉ် (၁၇/၉၂) ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဆက်လက်၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် အဖွဲ့အစည်းများ ပိုမိုများပြားလာသည့်အလျောက် ယင်းတို့ အခြေပြုရာဒေသများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ပေးနိုင်ရန်အတွက် ဖွဲ့စည်းပုံ ပြန်လည်ပြင်ရေးဆွဲထားသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး ဖွဲ့စည်းပုံ (မူကြမ်း) အား ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့ ဝန်ကြီးများရုံးရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ကိုယ်တိုင်တက်ရောက်၍ အသေးစိတ် စိစစ်ပြင်ဆင်ဖြည့်စွက်ပြီး ဦးစီးဌာနရုံးအဖြစ် ဖွဲ့စည်းရေး လမ်းညွှန်ခဲ့ပါသည်။   

     နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှုန်ချက်နှစ်အညီ ရေးဆွဲ ပြုစုထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဖွဲ့စည်းပုံအား ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၄၀/၉၅) တွင် တင်ပြခဲ့ရာ အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိုခဲ့သဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးကို ``နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန´´အဖြစ် ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့ပါသည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ဖွဲ့စည်းပုံကို နယ်ဘက် အရာထမ်း (၁၉၄) ဦး၊ အမှုထမ်း (၁၉၆၄) ဦး၊ စစ်ဘက်အင်ဂျင်နီယာ တပ်ရင်းအရာရှို (၁၀၅) ဦး၊ အခြားအဆင့် (၃၄၂၀) ဦး၊ စုစုပေါင်း (၅၆၈၃) ဦး ဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။

     ယခု ပြည်ထောင်စုအစိုးရလက်ထက်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂ဝ၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၂/၂ဝ၁၅) မှ သဘောတူခွင့်ပြုချက်အရ နယ်ဘက်ဝန်ထမ်းအရာထမ်း (၃၂၇) ဦး၊ အမှုထမ်း (၂၂၁၀) ဦး၊ စုစုပေါင်း (၂၅၃၇) ဖြင့် ဖွဲ့စည်းခွင့်ရရှိခဲ့ပါသည်။