ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)

  • သင်တန်းသား‌ရွေးချယ်‌ရေးဗဟို‌ကော်မတီ

    ၁။

    ပြည်ထောင်စုဝန်ကြီး

    နယ်စပ်ရေးရာဝန်ကြီးဌာန

    နာယက
    ၂။

    ဒုတိယဝန်ကြီး

    နယ်စပ်ရေးရာဝန်ကြီးဌာန

    ဥက္ကဋ္ဌ -၁
    ၃။

    ဒုတိယဝန်ကြီး

    နယ်စပ်ရေးရာဝန်ကြီးဌာန

    ဥက္ကဋ္ဌ - ၂
    ၄။

    အမြဲတမ်းအတွင်းဝန်

    နယ်စပ်ရေးရာဝန်ကြီးဌာန

    ဒုတိယဥက္ကဋ္ဌ
    ၅။

    ညွှန်ကြားရေးမှူးချုပ်

    နယ်စပ်ဒေသနှင့်တိုင်းရင်သားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊

    နယ်စပ်ရေးရာဝန်ကြီးဌာန

    အဖွဲ့ဝင်
    ၆။

    ပါမောက္ခချုပ်

    ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊

    နယ်စပ်ရေးရာဝန်ကြီးဌာန

    အဖွဲ့ဝင်
    ၇။

    ညွှန်ကြားရေးမှူး (အဆင့်မြင့်)

    ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန

    အဖွဲ့ဝင်
    ၈။

    ညွှန်ကြားရေးမှူးချုပ် 

    ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန

    အတွင်းရေးမှူး
    ၉။

    ဒုတိယညွှန်ကြားရေးမှူးချုပ်(အဆင့်မြင့်)

    ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန

    တွဲဖက်အတွင်းရေးမှူး

     

  • ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ နေပြည်တော်ကောင်စီ သင်တန်းသားရွေးချယ်ရေးကော်မတီ

    ၁။ ဥက္ကဋ္ဌ နာယက
      နေပြည်တော်ကောင်စီ  
    ၂။ အဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဥက္ကဋ္ဌ
      နေပြည်တော်ကောင်စီ  
    ၃။ ညွှန်ကြားရေးမှူး အဖွဲ့ဝင်
      အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  
      နေပြည်တော်ကောင်စီ  
    ၄။ ဒုတိယညွှန်ကြားရေးမှူးချုပ် အတွင်းရေးမှူး
      နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  
      နယ်စပ်ရေးရာဝန်ကြီးဌာန  
    ၅။ ညွှန်ကြားရေးမှူး တွဲဖက်အတွင်းရေးမှူး()
      နေပြည်တော်ပညာရေးမှူးရုံး  
    ၆။ ညွှန်ကြားရေးမှူး(စီမံ) တွဲဖက်အတွင်းရေးမှူး()
      ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန  
      နယ်စပ်ရေးရာဝန်ကြီးဌာန  

     

  • ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ သင်တန်းသားရွေးချယ်ရေးကော်မတီ

    ၁။ ဥက္ကဋ္ဌ ဥက္ကဋ္ဌ
      ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့  
    ၂။ ဥက္ကဋ္ဌကတာဝန်ပေးအပ်သူ  ဦး အဖွဲ့ဝင်
    ၃။ ခရိုင်/ မြို့နယ်ပညာရေးမှူး အတွင်းရေးမှူး
      အခြေခံပညာဦးစီးဌာန  
    ၄။ ခရိုင်ဦးစီးဌာနမှူး/ ကျောင်းအုပ် တွဲဖက်အတွင်းရေးမှူး
      ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန  

     

  • ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေးဘွဲ့ ၅ နှစ်သင်တန်း ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်

    ပညာရေးဘွဲ့ နှစ်သင်တန်းအတွက် သင်တန်းသားအရည်အချင်း  သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

    ( )

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားပြီး တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။

    ( )

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အပေါ် သစ္စာရှိသူ ဖြစ်ရမည်။

    ( )

    ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာသူဖြစ်ရန်နှင့် နိုင်ငံတော်အပေါ်ချစ်မြတ်နိုး ၍တိုင်းရင်းသားများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရှင်သန်စေပြီး တိုင်းရင်းသား အချင်းချင်းအကြား အပြန်အလှန် နားလည်လေးစားသူ ဖြစ်ရမည်။

    ( )

    ယခင်ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူနှင့် ယခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကိုသာ အောက်ပါအချက်များနှင့်အညီ စိစစ်လက်ခံမည်-

     

    (က)

    သိပ္ပံသင်တန်းအတွက် သိပ္ပံ/ ဝိပ္ပံဘာသာတွဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စုစုပေါင်း ရမှတ် ၃၇၀ မှတ်နှင့် အထက်၊ ဝိဇ္ဇာသင်တန်းအတွက် ဝိဇ္ဇာဘာသာ တွဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စုစုပေါင်းရမှတ် ၃၂၅ မှတ်နှင့်အထက် ရရှိသူ များမှ စဉ်းစားရွေးချယ်ရမည်၊

     

    ( )

    နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများမှ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီး ဝင်ခွင့်စာမေးပွဲ (ရေးဖြေ၊လူတွေ့) ဖြေဆိုအောင်မြင်သူများကိုသာ ရွေးချယ် လက်ခံမည်၊

     

    ( )

    နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှု အောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း များမှ     တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများကို ဝင်ခွင့်စာမေးပွဲများဝင်ရောက်ဖြေဆိုစေပြီး အောင်မြင်သူများကိုသာ ရွေးချယ်လက်ခံမည်၊

     

    ()

    နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများအတွက်သတ်မှတ်ပေးထားသော(အဓိကနှင့် အရန်) သင်တန်းသားဦးရေကို သင်တန်းအားစိတ်ပါဝင်စား၍ အမှန်တကယ် တက်ရောက်ရန်ဆန္ဒရှိပြီး ဆေးစစ်ချက်အောင်မြင်သူများကိုသာ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများမှ ဦးစားပေး အစီအစဉ်အလိုက် ရွေးချယ်၍ သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီသို့ ပေးပို့ရန်နှင့်         သင်တန်းသား ရွေးချယ်ရေး ဗဟိုကော်မတီမှစိစစ်ပြီး လက်ခံမည်၊

     

    ( )

    သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသည့် အဓိကသင်တန်းသားမှာ ဆေးစစ်ချက်မအောင်မြင်လျှင် အစားထိုးတက်ရောက်ခွင့်ပြုမည့် သင်တန်းသား အား သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီသို့ ပေးပို့တင်ပြထားသည့် အရန်အင်အားစာရင်းပါ ဦးစားပေးအစီအစဉ်အရ သတ်မှတ်ကာလအတွင်း တက်ရောက်ခွင့်ပြုမည်၊ (ကျန်ကိစ္စရပ်များအတွက် သင်တန်းသားအစားထိုးခွင့် မပြုပါ။)

     

    ( )

    သင်တန်းတက်ရောက်နေစဉ် ကာလအတွင်း ဆက်လက် တက်ရောက်ရန် ဆန္ဒမရှိ၍သော်လည်းကောင်း၊ အခြားသင်တန်းသို့ ပြောင်းလဲတက်ရောက် ရန်သော်လည်းကောင်း နှုတ်ထွက်ခဲ့သည့်သင်တန်းသား၊ သင်တန်းသူများ အတွက် အစားထိုးတက်ရောက်ခွင့်မပြုပါ၊ (အမှန်တကယ် တက်ရောက် လိုသူများအတွက် နစ်နာမှုမရှိစေရန် အမှန်တကယ် ဆန္ဒရှိသူများကိုသာ ရွေးချယ်ရေးအဖွဲ့မှ အာမခံရွေးချယ်ပေးရန် ဖြစ်သည်။)

     

    ()

    ပထမနှစ်သင်တန်း တက်ရောက်ရန် ရွေးချယ်ခံရပြီးဆေးစစ်ချက် မအောင်မြင် သဖြင့် ပြန်လည်စေလွှတ်ခံရသည့် ကျောင်းသား၊ ကျောင်းသူများသည် သင်တန်းသို့   ပြန်လည် တက်ရောက်လိုပါက ကျောင်းသို့ တိုက်ရိုက်         တက်ရောက်ခွင့်မပြုဘဲသင်တန်းသားအသစ်ကဲ့သို့ အစမှပြန်လည်လျှောက်ထား ရမည်၊

     

    ( )

    သင်တန်းသားအဖြစ် ရွေးချယ်ခြင်းမခံရပါက နစ်နာမှုမရှိစေရေးအတွက် အခြားတက္ကသိုလ်၊ ကောလိပ်များသို့ လျှောက်ထားနိုင်သည်၊

     

    (စျ )

    သင်တန်းတက်ရောက်ရန် လျှောက်ထားသူများအား နေပြည်တော်ကောင်စီ နယ်မြေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း/ဒေသများရှိ ကျန်းမာရေးဌာနတွင် (အသည်းရောင် အသားဝါ B ပိုး/ C ပိုး၊           HIV   ကာလသားရောဂါ၊ တီဘီ၊နာတာရှည်နှင့်ကူးစက်ရောဂါများ) ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ပြီး ရောဂါကင်းရှင်းကြောင်း ဆေးစစ်ချက် လက်မှတ်မူရင်းကို တစ်ပါတည်းယူဆောင်လာရမည်၊ (ဆေးစစ်ချက်လက်မှတ် မပါရှိသူများအား ပြန်လည်စေလွှတ်မည်ဖြစ်သည်။) သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီမှ ပဏာမရွေးချယ်ခြင်းခံရပါက စိတ်အခြေအနေနှင့်ကျန်းမာရေး စစ်ဆေးမှုကို ဖွံ့ဖြိုးရေးတက္ကသိုလ်မှ ဖွဲ့စည်းထားသည့် စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် စိတ်အခြေအနေကောင်းမွန်မှသာ တက်ရောက်ခွင့်ရပါမည်။ HIV၊ HBsAg၊ HCV Ab စစ်ဆေးတွေ့ရှိသူများအား ဒုတိယအကြိမ်ပြန်လည် စစ်ဆေးပြီး ပိုးကောင်ရေ အနည်းအများ အပေါ် မူတည်၍ အခြားသူများအား ကူးစက်နိုင်ခြင်း ရှိ/မရှိ စိစစ်၍  ကူးစက်နိုင်ခြင်း မရှိပါက လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး ကူးစက်နိုင်ခြေများ ပါကမိဘ/အုပ်ထိန်းသူထံ ပြန်လည်အပ်နှံစေလွှတ်သွားမည်။(ထိုစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အတိုင်းသာ အတည်ပြုသွားမည်ဖြစ်သည်။) ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးကြောင်း ထောက်ခံချက် ပါရှိသူ များကိုသာ ဦးစားပေးရွေးချယ်သွားမည်။ 

    ( )

    သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီသည် သင်တန်းသား ရွေးချယ်မှုအား အထူး အစီအစဉ်ဖြင့် ရွေးချယ်ရန် ကိစ္စရှိလာခဲ့လျှင် ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင် ပြီးမှသာ ရွေးချယ်နိုင်ရေး ဆောင်ရွက်သွားရမည်။

    ( )

    လျှောက်ထားသူသည် (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လ ၃၀ ရက်နေ့)တွင် အသက် ၁၆ နှစ် ပြည့်ပြီး အသက် ၁၉ နှစ် ၆ လထက် မကြီးသူဖြစ်ရမည်။ ကျောင်းသားများသည် အနည်းဆုံး အရပ် ၅’၂” နှင့်အထက် ရှိသူဖြစ်ရမည်။ ကျောင်းသူများသည် အနည်းဆုံး အရပ် ၅’  ရှိရမည်။

    ( )

    ကျောင်းသားများသည် ကိုယ်အလေးချိန် အနည်းဆုံး ၁၀၅ ပေါင်၊ ကျောင်းသူများသည် အနည်းဆုံး  ၉၅ ပေါင် ရှိရမည်။

    ( )

    ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်အလေးချိန်သည် ကိုယ်ခန္ဓာအချိုးအစားနှင့် ကိုက်ညီသည့် ကိုယ်အလေးချိန် ရှိရမည်ဖြစ်ပြီး အဝလွန်၍ ပေါင် ၁၄၀ ထက် ကျော်လွန်သူများ မဖြစ်စေရ။

    ( )

    ကျောင်းသား၊ ကျောင်းသူများ ဝင်ခွင့်လျှောက်ထားချိန်တွင် နိုင်ငံသားစိစစ်ရေးကတ် မူရင်းတင်ပြနိုင်သူများကိုသာ လျှောက်လွှာထုတ်ပေးသွားရန်နှင့် လျှောက်လွှာတင် သည့်အခါ နိုင်ငံသားစိစစ်ရေးကတ်  မိတ္တူပူးတွဲ တင်ပြရမည်။

    (၁၀)

    လျှောက်ထားသူနှင့် ၎င်း၏ မိဘနှစ်ပါးစလုံးသည် ဒေသတွင်အမှန်တကယ် နေထိုင်သူ ဖြစ်ရမည်။

    (၁၁)

    လျှောက်ထားသူသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည်။

    (၁၂)

    အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရမည်၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရဲစခန်း၊ မြို့နယ်/ရပ်ကွက် အထွေထွေ အုပ်ချုပ်ရေးမှူးတို့ထံမှ  အတွင်း ရယူထားသော ထောက်ခံချက်တင်ပြရမည်။

    (၁၃)

    ကျန်းမာ၍ ရောဂါဘယ (နာတာရှည်ရောဂါ၊ ကူးစက်ရောဂါ) ကင်းရှင်းရမည်၊ ကိုယ်အင်္ဂါ ချို့ယွင်းသူ၊ စိတ်ချို့တဲ့သူ၊ စကားမပီသသူ၊ စကားထစ်သူ၊ တက်တူး (ဆေးမင်ကြောင်) ထိုးထားသူ မဖြစ်စေရ၊ ဆရာအင်္ဂါရပ်နှင့် ပြည့်စုံသူဖြစ်ရမည်၊

    (၁၄)

    သင်တန်းသားရွေးချယ်ရေး ဗဟိုကော်မတီမှ လူတွေ့စစ်ဆေးမှု ပြုလုပ်ချိန်တွင် တက်တူး (ဆေးမင်ကြောင်) ထိုးထားသူများနှင့် သင်တန်းတက်ရောက်ရန် ဆန္ဒမရှိသူ များကို စိစစ်တွေ့ရှိရပါက ပြန်လည်စေလွှတ်ပြီး ၎င်းသင်တန်းသား နေရာတွင် အစားထိုး ရွေးချယ်ပေးမည်မဟုတ်ပါ။

    (၁၅)

    အိမ်ထောင်မပြုဖူးသူ လူပျို၊ အပျို ဖြစ်ရမည်။

    (၁၆)

    အမူအကျင့်အားဖြင့် အမျိုးသားဆန်သော အမျိုးသမီး(သို့မဟုတ်)အမျိုးသမီးဆန်သော အမျိုးသား မဖြစ်စေရ။

    (၁၇)

    ရပ်ရွာ၏ လူမှုရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် စိတ်ဝင်စားသူ ဖြစ်ရမည်။

    (၁၈)

    ပြည်ထောင်စုတိုင်းရင်းသားဖြစ်ပြီး ရိုးရာဘာသာစကား တတ်ကျွမ်းရမည်။

    (၁၉)

    မြန်မာနိုင်ငံ စာစစ်ဌာနမှဖြစ်စေ၊ သက်ဆိုင်ရာမြို့နယ် ပညာရေးမှူးရုံးမှဖြစ်စေ ထုတ်ပေးသော တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်နှင့် အမှတ်စာရင်းမူရင်း တင်ပြနိုင်ရမည်။

    (၂၀)

    ပညာရပ်များတတ်မြောက်၍ ဘွဲ့ရရှိပြီးပါက နိုင်ငံတော်ကပေးအပ်သော တာဝန်နှင့် စေလွှတ်ရာဒေသသို့ ဦးလည်မသုန် သွားရောက် တာဝန်ထမ်းဆောင်လျက် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပါမည်ဟု ကတိပြုသူဖြစ်ရမည်။

    (၂၁)

    နိုင်ငံတော်မှပေးအပ်သော တာဝန်ထမ်းဆောင်ခြင်းမှ ပျက်ကွက်ပါက ဝန်ထမ်းဆိုင်ရာ တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းအရ အရေးယူခံရမည်ကို သိရှိကြောင်း၊ ကိုယ်တိုင်ဝန်ခံကတိပြု လက်မှတ်ရေးထိုး၍ မိဘ၊ အုပ်ထိန်းသူမှ အာမခံကတိပြု လက်မှတ်ရေးထိုးရမည်၊ သက်ဆိုင်ရာမြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့အစည်း၏ ထောက်ခံချက်ပါရှိရမည်။

    (၂၂)

    ဘွဲ့ရရှိပြီးပါက နိုင်ငံတော်၌ဝန်ထမ်းခန့်အပ်ခြင်းကို သက်ဆိုင်ရာပညာရေးဝန်ကြီးဌာန၏ ဝန်ထမ်းလိုအပ်ချက်အရ တစ်ဦးချင်း၏ ဘွဲ့ရရှိရန် ကြိုးစားမှုရလဒ်အဆင့်နှင့် ဒေသ/ လူမျိုး လိုအပ်ချက်အပေါ် မူတည်၍သာ ခန့်အပ်သွားမည်ကို နားလည်သဘောပေါက် လက်ခံနိုင်ကြောင်း လက်မှတ်ရေးထိုးသူ ဖြစ်ရမည်။

    (၂၃)

    အောက်ပါ အချက်များနှင့် ကိုက်ညီသူကို အဓိကထား ရွေးချယ်မည်-

     

    (က)

    နယ်စွန်နယ်ဖျားဒေသမှ ဖြစ်ခြင်း၊

     

    ( )

    ပြည်ထောင်စုတိုင်းရင်းသားဖြစ်ခြင်း၊

     

    ( )

    မိဘမဲ့ (သို့မဟုတ်)မိမဲ့ (သို့မဟုတ်) ဘမဲ့များဖြစ်ခြင်း၊

     

    ()

    ဆင်းရဲနွမ်းပါးပြီး ပညာလိုလား ကြိုးစားသင်ယူလိုသူ ဖြစ်ရမည်၊

     

    ( )

    လျှောက်ထားသည့်ဒေသ (သို့မဟုတ်)  မည်သည့်ဒေသတွင်မဆို တာဝန် ထမ်းဆောင်နိုင်မည့်သူ ဖြစ်ခြင်း။

    (၂၄)

    သင်တန်းသား/သူရွေးချယ်ရာတွင် ဒေသဖွံ့ဖြိုးရေးအတွက်ဆရာလိုအပ်ပြီး သွားလာရေး ခက်ခဲသော ဝေးလံဒေသများမှ ဦးစားပေး ရွေးချယ်ရမည်။

    မှတ်ချက်။

    တက္ကသိုလ်ဝင်တန်းကို ကိုယ်ပိုင်အထက်တန်းကျောင်း/ ဘော်ဒါဆောင်များတွင် အခကြေးငွေဖြင့် နေထိုင်တက်ရောက် အောင်မြင်သူများအား ရွေးချယ်ခြင်း မပြုရန်၊ (တက္ကသိုလ်ဝင်တန်းကို အခကြေးငွေမယူဘဲ သင်ကြားခွင့်ပြုသည့် ကိုယ်ပိုင်အထက်တန်းကျောင်း/ ဘော်ဒါဆောင်များတွင် နေထိုင်တက်ရောက် အောင်မြင်သူများမပါ)

  • သင်ကြားပို့ချပေးသည့် ဘာသာရပ်ဆိုင်ရာဌာနများ

    ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)တွင် အောက်ပါအတိုင်း ဘာသာရပ်ဌာန၂၁ခုဖြင့် သင်ကြားပေးလျက်ရှိပါသည်-

                  (က)     ပညာရေးသဘောတရားဌာန

                  ( )    ပညာရေးစိတ်ပညာဌာန

                  ( )    သင်ပြနည်းဌာန

                  ()     မြန်မာစာဌာန

                  ( )    အင်္ဂလိပ်စာဌာန

                  ( )    သင်္ချာဌာန

                  ()     သမိုင်းဌာန

                  ( )    ပထဝီဝင်ဌာန

                  ( )     စီးပွားရေးပညာဌာန

                  ()     ဓာတုဗေဒဌာန

                  ( )    ရူပဗေဒဌာန

                  ( )    ဇီဝဗေဒဌာန

                  ( )    ကွန်ပျူတာသိပ္ပံဌာန

                  ( )    ကာယပညာဌာန

                  ()    ပန်းချီအနုပညာဌာန 

                  ()        ဂီတအနုပညာဌာန

                  ()     အိမ်တွင်းမှုသိပ္ပံဌာန

                  ( )    စက်မှု၊ လက်မှုဌာန

                  ( )    တိုင်းရင်းဘာသာနှင့်ယဉ်ကျေးမှုဌာန

                  ( )    စိုက်ပျိုးမွေးမြူရေးဌာန

                  ( )    စာရိတ္တပညာဌာန