ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည်( ရှမ်း/တာင်) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်စံပြကျေးရွာ၌ ၂၀၁၃.၂၀၁၄ ဘဏ္ဍာရေးနှစ် မှ ၂၀၁၅.၂၀၁၆ဘဏ္ဍာရေးနှစ်အထိလုပ်ငန်းပြီးစီးမှုဖွင့်ပွဲအခမ်း

နေပြည်တော်၊ ၂၀၁၆ခုနှစ် မတ်လ ၁၅ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်သည် (၁၁.၃.၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသား/သူလေးများအား တွေ့ဆုံပြီးနောက် သင်တန်းကျောင်းအတွင်းရှိ အိပ်ဆောင်၊ စားရိပ်သာ၊ စားဖိုဆောင်၊ ရေချိုးခန်း၊ အိမ်သာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ပါသည်။

     ထို့နောက် သင်တန်းအိပ်ဆောင်သစ်နှင့် စားရိပ်သာ၊ ရေချိုးခန်း၊ အိမ်သာတည်ဆောက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုပြီးနောက် တည်ဆောက်ရေးတာဝန်ရှိသူများအား အဆောက်အဦးများ အရည်အသွေး ကောင်းမွန်ရေးနှင့် အချိန်နှင့်တပြေးညီ ပြီးစီးမှုရှိစေရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

      ဒုတိယဝန်ကြီးသည် (၁၂.၃.၂၀၁၆) ရက်နေ့တွင် ဟိုပုံးမြို့နယ်အတွင်းရှိ ဖတ်နံတံတား (၁၅၀)ပေ တည်ဆောက်ပြီမှုအား ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

      (၁၃.၃.၂၀၁၆) ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ နမ့်ခုတ်စံပြကျေးရွာ၌ ၂၀၁၃.၂၀၁၄ ဘဏ္ဍာရေးနှစ် မှ ၂၀၁၅.၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ လုပ်ငန်းပြီးစီးမှု ဖွင့်ပွဲအခမ်းအနားများ၌ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လုပ်ငန်းပြီးစီးမှုများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပါသည်။

Post Paragraph