ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ခြင်း
နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန် ထမ်းဆောင်နိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ပြုစုပျိုးထောင်နိုင်ရေးအတွက် သင်ကြားလေ့ကျင့်ပေးရန် ရည်ရွယ်၍ ၁၇-၆-၁၉၉၉ ရက်နေ့တွင် ကျင်းပသော နိုင်ငံတော်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၁/၉၉)အရ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအား ၃ဝ-၆-၁၉၉၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင်အောက်ပါအတိုင်းဖွဲ့စည်းထားပါသည်-
(က) ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန(ရုံးချုပ်)၊
( ခ) ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ စစ်ကိုင်း၊
( ဂ) ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်
(ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်)၊
(ဃ) ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ စစ်ကိုင်း၊
(မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊နတ်ရေကန်ကျေးရွာ)(ယခုစစ်ကိုင်း)
( င) ဗဟိုလေ့ကျင့်ရေးကျောင်း၊
[ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်]
( စ) တိုင်းဒေသကြီး/ပြည်နယ်ရုံး ၉ ရုံးနှင့် ခရိုင်ရုံး ၉ ရုံး၊
(ဆ) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်း၊
( ဇ) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း ၉ ကျောင်း၊
( ဈ) အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ၅ဝ ကျောင်း။