• ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ခြင်း

          နယ်စပ်‌ဒေသ တိုင်းရင်းသားလူငယ်များ မိမိ‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးအတွက် တာဝန် ထမ်း‌ဆောင ိုင်မည့် အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ပြုစုပျိုး‌ထောင်နိုင်‌ရေးအတွက် သင်ကြား‌လေ့ကျင့်ပေးရန် ရည်ရွယ်၍ ၁၇-၆-၁၉၉၉ ရက်‌နေ့တွင် ကျင်းပ‌သော နိုင်ငံ‌တော်အစိုးရအဖွဲ့အစည်းအ‌ဝေးအမှတ်စဉ (၂၁/၉၉) အရ ပညာ‌ရေးနှင့်လေ့ကျင့်‌ရေးဦးစီးဌာနအား ၃ဝ-၆-၁၉၉၉ရက်‌နေ့စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါတွင ောက်ပါအတိုင်းဖွဲ့စည်းထားပါသည်-

    üပညာ‌ရေးနှင့်‌လေ့ကျင့်‌ရေးဦးစီးဌာန(ရုံးချုပ်)။
    üပြည်‌ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးတက္ကသိုလ်၊ စစ်ကိုင်း။ 

      (စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာ)

    üပြည်‌ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုး‌ရေးဒီဂရီ‌ကောလိပ် ရန်ကုန်

      (ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်။

    üပြည်‌ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုး‌ရေးဒီဂရီ‌ကောလိပ်၊စစ်ကိုင်း 

      (ယခင်မန္တ‌လေးတိုင်း‌ဒေသကြီး၊အမရပူရမြို့နယ်၊နတ်‌ရေကန်‌ကျေးရွာ)

      (ယခုစစ်ကိုင်းမြို့နယ်၊အုန်းတောကျေးရွာ)။

    üဗဟို‌လေ့ကျင့်‌ရေး‌ကျောင်း [ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်(‌မြောက်ပိုင်း) မြို့နယ်]။
    üတိုင်း‌ဒေသကြီး/ပြည်နယ်ရုံး ၉ ရုံးနှင့် ခရိုင်ရုံး ၉ ရုံး။
    üနယ်စပ်‌ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုး‌ရေးသင်တန်း‌ကျောင်း ၄၅ ‌ကျောင်း။
    üနယ်စပ်‌ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်း‌ကျောင်း ၉ ကျောင်း။
    üအမျိုးသမီးအိမ်တွင်းမှုသက်‌မွေးလုပ်ငန်းပညာသင်တန်း‌ကျောင်း ၄၆ ‌ကျောင်း။
  • ရည်ရွယ်ချက်

              ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနသည် အောက်ပါရည်ရွယ်ချက်များ ချမှတ်၍ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်-

     

    ၁။ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များအား အခြေခံ၊ အဆင့်မြင့်ပညာရပ်များ သင်ကြားလေ့ကျင့်ပေး      ပြီး နယ်စပ်ဒေသ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး       လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်။

    ၂။ နယ်စပ်ဒေသမှအမျိုးသမီးငယ်များအား အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းများသင်ကြားလေ့ကျင့်      ပေးပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်။

  • ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

    ရည်မှန်းချက် ၄ ရပ်

    ၁။  တိုင်းရင်းသားလူမျိုးအချင်းချင်းချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲစေရန်။

    ၂။  တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကိုမြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်။

    ၃။  တိုင်းရင်းသားလူငယ်များ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊အဆင့်မြင့်ပညာနှင့်

          အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးရန်။

    ၄။  တိုင်းရင်းသားလူငယ်များ၏ မိမိဒေသဖွံ့ဖြိုးရေးတာဝန်များကို အသိစိတ်ဓာတ်ဖြင့်ထမ်းဆောင်စေရန်။

    လုပ်ငန်းစဉ် ၉ ရပ်

    ၁။   နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည် စီမံကိန်းများ

          ရေးဆွဲဆောင်ရွက်မည်။

    ၂။  နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သော တိုင်းရင်းသားလူငယ်များကို အခြေခံပညာ အလယ်တန်းမှ

          အထက်တန်းအထိ အခမဲ့ပညာသင်ကြားပေးခြင်းများ ဆောင်ရွက်မည်။

    ၃။  အခြေခံပညာအထက်တန်း အောင်မြင်သည့် တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုတိုင်းရင်းသား

        လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်

         များတွင် အဆင့်မြင့်ပညာမျာ းသင်ကြားပေးခြင်းနှင့် သင့်လျော်သည့် အခြားတက္ကသိုလ်များသို့

          တက်ရောက်စေမည်။

    ၄။  နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အတူတကွနေထိုင် ပညာရှာမှီးရင်း နားလည်ရင်းနှီးချစ်ကြည်

         စေပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲလာစေရန် ပြုစုပျိုးထောင် ပေးခြင်းများ ဆောင်ရွက်မည်။

    ၅။ နယ်စပ်ဒေသရှိတိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု

        မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အသိစိတ်ဓာတ်များ ကိန်းအောင်းစေရန်

         ပျိုးထောင်ပေးခြင်းများ ဆောင်ရွက်မည်။

    ၆။  အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်၌ ဝန်ကြီးဌာနအသီးသီးတွင် တာဝန်ခန့်အပ်၍

          မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေမည်။

    ၇။  နယ်စပ်ဒေသရှိတိုင်းရင်းသူများကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာရပ်များသင်ကြားပေးခြင်း

         နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး

         ထူထောင်နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးမည်။

    ၈။  နယ်စပ်ဒေသရှိတိုင်းရင်းသားများကို စက်မှုလက်မှုပညာရပ်များသင်ကြားပေးခြင်းဖြင့် ဒေသတွင်း

         ကျွမ်းကျင်လုပ်သားများ ဖြစ်ထွန်းလာစေပြီး၊ အသေးစားကုန်ထုတ်လုပ်ငန်းများနှင့်အသေးစား

         စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်။

    ၉။ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို

         ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊

         အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့်ပူးပေါင်း

        ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်မည်။