ဝန်ကြီးဌာနအကြောင်း
ဝန်ကြီးဌာနနောက်ခံသမိုင်းကြောင်း
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့် အချိန်မှစတင်၍ တိုင်းရင်းသားအချင်းချင်း အထင်အမြင်လွဲမှုားမှု၊ အယူအဆ ကွဲပြားမှုများကြောင့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးပေါ်ပေါက်လာမှုကြောင့် ခေတ်အဆက်ဆက် အစိုးရများသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ကြပါ။ ၁၉၈၉ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ တရားဥပဒေဘောင်အတွင်း စတင်ဝင်ရောက်လာသည့် အချိန်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာရေး လုပ်ငန်းများနှင့်အတူ နယ်စပ်ဒေသဖွံ့ဖြိုးရေးကိုသာ တစ်ဆင့်ထက်တစ်ဆင့် တိုးမြှင့်ပြီး စနစ်တကျ စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တည်းဟူသော အမျိုးသားရေးတာဝန် (၃) ရပ်၊ တစ်နည်းအားဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျှက် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေးရှု၍ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ၁၉၈၉ ခုနှစ်တွင် အင်တိုက်အားတိုက် စတင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ ရုံးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၅၈) ဦး၊ ဝန်ထမ်းစုစုပေါင်း (၂၀၇) ဦးဖြင့် ဖွဲ့စည်းထားသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံးအား နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ လက်အောက်တွင် သီးခြားရုံးတစ်ရုံးအဖြစ် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ရုံး၏ ၁၉၉၂ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့စွဲပါ ရုံးအမိန့် အမှတ်စဉ် (၁၇/၉၂) ဖြင့် စတင် ဖွဲ့စည်းခဲ့ပါသည်။ နယ်စပ်ဒေသနှင့်တိုင်ရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီရုံး ဖွင့်လှစ်ဆောင်ရွက်ရာမှု လုပ်ငန်းများ ကျယ်ပြန့်လာသည်နှင့်အညီ မျက်ခြည်မပြတ် ကွပ်ကဲကြပ်မတ် ညှိုနှိုင်းအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် (၂၄-၉-၁၉၉၂) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၅၄/၉၂) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းပေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းလိုအပ်ချက်အရ (၃၀-၁-၁၉၉၄) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၁၅/၉၄) ဖြင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအဖြစ် တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်သမ္မတရုံး၏ (၃၀-၃-၂၀၁၁) ရက်စွဲပါ စာအမှတ် (၄/၂၀၁၁) အရ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာနအား ရပ်ဆိုင်းပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၏မဟာဗျူဟာ
“အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြည်နယ်/ပြည်မ အကြားအလပ် မရှိစေရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးရန်”
ဝန်ကြီးဌာန၏ မူဝါဒ
နယ်စပ်ရေးရာဝန်ကြီးဌာနသည် အောက်ပါမူဝါဒ (၄) ရပ်ကို ချမှတ်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
(က) နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းရေး။
(ခ ) နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်စေရေး။
(ဂ ) နယ်စပ်ဒေသတွင်နေထိုင်သော ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး။
(ဃ) နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် စေရေး။
ဝန်ကြီးဌာန၏ ရည်မှန်းချက်
(က) |
နယ်စပ်ဒေသများ၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး တို့ကို ထိန်းသိမ်းရန်။ |
(ခ) |
တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်။ |
(ဂ) |
နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းဖြင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်။ |
(ဃ) |
တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကို မြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်။ |
(င) |
နယ်စပ်ဒေသများတွင် ဘာသာ၊ သာသနာ ထွန်းကားပြန့်ပွားစေရန်။ |
(စ) |
တိုင်းရင်းသားလူငယ်များ၏ ဘဝနောင်ရေးအတွက် အခြေခံပညာ၊ အဆင့်မြင့် ပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးရန်။ |
(ဆ) |
တိုင်းရင်းသားလူငယ်များ မိမိဒေသ၏ ဖွံ့ဖြိုးရေးတာဝန်များကို အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်နိုင်စေရန်။ |
ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်
(က) |
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး ဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ခြင်း။ |
(ခ) |
နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း။ |
(ဂ) |
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးဗဟိုကော်မတီမှ အတည်ပြုချမှတ်ပေးထားသော နှစ်တို၊ နှစ်ရှည် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း။ |
(ဃ) |
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးဗဟိုကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ |
(င) |
နယ်စပ်ဒေသများ၏ အောက်ဖော်ပြပါ လူမှုစီးပွားဘဝ အခြေခံအဆောက်အအုံ များကို နှစ်အလိုက်စီမံကိန်းများဖြင့် တည်ဆောက်ပေးမည်- |
|
(၁) လမ်း/တံတားလုပ်ငန်း။ |
|
(၂) ရေရရှိရေးလုပ်ငန်း။ |
|
(ကက) စိုက်ပျိုးရေရရှိရေး။ |
|
( ခခ) သောက်သုံးရေရရှိရေး။ |
|
(၃) လျှပ်စစ်ဓာတ်အားလုပ်ငန်း။ |
|
(ကက) ရေအားလျှပ်စစ်။ |
|
( ခခ) ဆိုလာစွမ်းအင်စနစ်။ |
|
(၄) သာသနာရေးလုပ်ငန်း။ |
|
(၅) ငြိမ်းချမ်းရေးအတွက် တည်ဆောက်မှုလုပ်ငန်း။ |
|
(ကက) လမ်း/တံတားလုပ်ငန်း။ |
|
( ခခ) ပညာရေးလုပ်ငန်း။ |
|
( ဂဂ) ကျန်းမာရေးလုပ်ငန်း။ |
|
(ဃဃ) အိမ်ရာဆောက်လုပ်ရေးလုပ်ငန်း။ |
(စ) |
နယ်စပ်ဒေသအသီးသီးတွင် နေထိုင်သော တိုင်းရင်းသားလူငယ်များကို အခြေခံပညာအလယ်တန်းမှ အထက်တန်းအထိ အခမဲ့ ပညာသင်ကြားပေးခြင်း။ |
(ဆ) |
အခြေခံပညာအထက်တန်း အောင်မြင်သည့် တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များတွင် အဆင့်မြင့်ပညာများသင်ကြားပေးခြင်း။ |
(ဇ) |
နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ အတူတကွ နေထိုင်ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုနားလည် ရင်းနှီးစေခြင်းဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စု စိတ်ဓာတ် ပိုမိုခိုင်မြဲလာစေရန် ပြုစုပျိုးထောင်ပေးခြင်း။ |
(စျ) |
နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသော အသိစိတ်ဓာတ်များ ကိန်းအောင်းစေရန် ပျိုးထောင်ပေးခြင်း။ |
(ည) |
အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်တွင် ဝန်ကြီးဌာနအသီးသီး၌ တာဝန် ခန့်အပ်၍ မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေခြင်း။ |
(ဋ) |
အဆင့်မြင့်ပညာရပ်များ တတ်မြောက်ပြီးချိန်တွင် ဝန်ကြီးဌာနအသီးသီး၌ တာဝန် ခန့်အပ်၍ မိမိဒေသ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေခြင်း။နယ်စပ်ဒေသရှိ တိုင်းရင်းသူများကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာရပ်များ သင်ကြားပေးခြင်းနှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဖြင့် ကိုယ်ပိုင်စီးပွားရေးထူထောင်နိုင်သည်အထိ ပံ့ပိုးဆောင်ရွက်ပေးခြင်း။ |
(ဌ) |
နယ်စပ်ဒေသရှိ တိုင်းရင်းသားများကို စက်မှုလက်မှုပညာရပ်များ သင်ကြား ပေးခြင်းဖြင့် ဒေသတွင်း ကျွမ်းကျင်လုပ်သားများ ဖြစ်ထွန်းလာစေပြီး အသေးစား ကုန်ထုတ်လုပ်ငန်းများနှင့် အသေးစားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်း။ |
(ဍ) |
နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗဟုသုတပွားများစေရေး ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးခြင်း။ |
(ဎ) |
တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသားလူမျိုးရေးရာ ကိစ္စရပ်များကို အလေးထားဆောင်ရွက်ခြင်း။ |
(ဏ) |
နယ်စပ်ဒေသများတွင် ဘာသာ ၊ သာသနာထွန်းကားပြန့်ပွားရေး လုပ်ငန်းစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။ |
(တ) |
ဘိန်းစိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းများ ထူထောင်ပေးခြင်း။ |
(ထ) |
နယ်ခြား နယ်နိမိတ် ကျောက်တိုင်များ၊ အထိမ်းအမှတ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်း။ |
(ဒ) |
နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံ ဆောင်ရွက်ခြင်း။ |
ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်း
နိုင်ငံတော်အစိုးရအဖွဲ့သည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ၂၅-၅-၈၉ ရက်စွဲပါ အမိန့် အမှတ် (၂၃/၈၉) ဖြင့် အဖွဲ့ဝင် (၅) ဦးဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၆-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၂၁) ဖြင့် အဖွဲ့ဝင် (၂၂) ဦးဖြင့် အောက်ပါအတိုင်း ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်-
စဉ် |
အမည်၊ ရာထူး၊ ဌာန |
တာဝန် |
(က) |
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
ဥက္ကဌ |
( ခ) |
ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ |
ဒုတိယဥက္ကဌ |
( ဂ) |
ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဃ) |
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
( င) |
ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ |
အဖွဲ့ဝင် |
( စ) |
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) |
အဖွဲ့ဝင် |
( ဆ) |
ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး |
အဖွဲ့ဝင် |
( ဇ) |
ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
အတွင်းရေးမှူး |
(စျ) |
ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
တွဲဘက်အတွင်းရေးမှူး |
ဗဟိုကော်မတီ၏ တာဝန်များ
(က) |
ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ်ခြင်း။ |
( ခ) |
ဝန်ကြီးဌာနကရေးဆွဲပြီး လုပ်ငန်းကော်မတီမှတဆင့် တင်ပြလာသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အတည်ပြုခြင်း၊ လမ်းညွှန်ခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်စေခြင်း။ |
( ဂ) |
နယ်စပ်ဒေသများတွင် လတ်တလော ဆောင်ရွက်ရန်သင့်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ချမှတ်ပေး၍ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း။ |
(ဃ) |
တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ဓလေ့ထုံးစံများ ထိန်းသိမ်းရေးကို ရှေးရှုလျက် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း။ |
( င) |
နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် လုံခြုံရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ အခြေအနေများကို ထိန်းသိမ်းသည့်အစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း။ |
(စ) |
တိုးချဲ့ဆောင်ရွက်သင့်သော ဖွံ့ဖြိုးရေးဒေသများကို သတ်မှတ်နိုင်ရန် အဆုံးအဖြတ်ပြုခြင်း။ |
ဗဟိုကော်မတီ၏ လုပ်ပိုင်ခွင့်များ
(က) |
လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်။ |
(ခ) |
လုပ်ငန်းကော်မတီကို ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်၊ လိုအပ်လျှင်ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။ |
နိုင်ငံတော်အစိုးရအဖွဲ့သည် ‘နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ’ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၃၁-၅-၈၉ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၄/၈၉) ဖြင့် အဖွဲ့ဝင် (၁၇) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး၊ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ရာ ယခုအခါ နယ်စပ်ဒေသနှင့ထေ တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော််ရေး ဗဟိုကော်မတီ၏ ၁၂-၃-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်််ာစာအမှတ် (၁၀/၂၀၂၁) ဖြင့် အဖွဲ့ဝင် (၃၃) ဦးဖြင့် လုပ်ငန်းကော်မတီကို အောက်ပါအတိုင်း အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်း၍ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်-
စဉ် |
အမည်၊ ရာထူး၊ ဌာန |
တာဝန် |
(က) |
ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
ဥက္ကဌ |
( ခ) |
ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဂ) |
ဒုတိယဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဃ) |
ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
အဖွဲ့ဝင် |
(င) |
ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
( စ) |
ကောင်စီဝင် တပ်မတော်အရာရှိကြီး ၁ ဦးစီ၊ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ |
အဖွဲ့ဝင် |
(ဆ) |
ဒုတိယညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး |
အဖွဲ့ဝင် |
(ဇ) |
အမြဲတမ်းအတွင်းဝန်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး |
အဖွဲ့ဝင် |
(စျ) |
အမြဲတမ်းအတွင်းဝန်၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ည) |
အမြဲတမ်းအတွင်းဝန်၊ ပြန်ကြားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဋ) |
အမြဲတမ်းအတွင်းဝန်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန |
အဖွဲ့ဝင် |
( ဌ) |
အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန |
အဖွဲ့ဝင် |
( ဍ) |
အမြဲတမ်းအတွင်းဝန်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန |
အဖွဲ့ဝင် |
( ဎ) |
အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဏ) |
အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန |
အဖွဲ့ဝင် |
(တ) |
အမြဲတမ်းအတွင်းဝန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ထ) |
အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဒ) |
အမြဲတမ်းအတွင်းဝန်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန |
အဖွဲ့ဝင် |
(ဓ) |
ဒုတိယဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန |
အတွင်းရေးမှူး |
(န) |
ညွှန်ကြားရေးမှူးချုပ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန |
တွဲဖက်အတွင်းရေးမှူး |
လုပ်ငန်းကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
(က) |
ဝန်ကြီးဌာနက ရေးဆွဲတင်ပြသော နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို စိစစ်၍ ဗဟို ကော်မတီသို့ တင်ပြအတည်ပြုချက်ရယူခြင်း။ |
( ခ) |
ဗဟိုကော်မတီက အတည်ပြုပြီးသည့် နှစ်တို၊ နှစ်ရှည် ပင်မစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခြင်းနှင့် လုပ်ငန်း များကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း။ |
( ဂ) |
ဗဟိုကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ လမ်းညွှန်ခြင်းနှင့် လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း။ |
(ဃ) |
ဗဟိုအဆင့်တွင် လုပ်ငန်းဆပ်ကော်မတီများဖွဲ့စည်းခြင်းနှင့် တာဝန်များသတ်မှတ်ပေးခြင်း။ |
(င) |
ဒေသဆိုင်ရာလုပ်ငန်း ကော်မတီများ ဖွဲ့စည်းခြင်းနှင့် တာဝန်များသတ်မှတ်ပေးခြင်း။ |
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီသည် ဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများနှင့်အညီ လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ၃၁-၅-၈၉ ရက်နေ့မှ စတင်၍ လုပ်ငန်းဆပ်ကော်မတီ (၁၃) ခု ဖွဲ့စည်းခဲ့ရာ ၃-၁ဝ-၉၄ ရက်နေ့တွင် ပြုလုပ်သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၃/၉၄) ဆုံးဖြတ်ချက်အရလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆/၁၁) အရလည်းကောင်း၊ လုပ်ငန်းနှင့် သက်ဆိုင် သည့် ဝန်ကြီးဌာနများမှ ဝန်ကြီး/ဒုတိယဝန်ကြီးများအား ဥက္ကဌအဖြစ် တာဝန်ပေးအပ်၍ ဌာနဆိုင်ရာ အကြီးအကဲများပါဝင်သော လုပ်ငန်းဆပ်ကော်မတီ (၁၈) ခုကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၄-၈-၂ဝ၁၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၆ဝ/၂ဝ၁၂)ဖြင့် ‘လုပ်ငန်းဆပ်ကော်မတီ (၁၃)ခု’ကို လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရု့း၏ ၁၆-၁၁-၂၀၁၆ ရက်စြွပါ အမိန့်အမှတ် (၈/၂၀၁၆) ဖြင့် အောက်ပါအတိုင်း လုပ်ငန်းဆပ်ကော်မတီ (၇) ခုကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်-
(က) လမ်း/တံတားလုပ်ငန်းဆပ်ကော်မတီ။
(ခ) ကျန်းမာရေးလုပ်ငန်းဆပ်ကော်မတီ။
(ဂ) ပညာရေးလုပ်ငန်းဆပ်ကော်မတီ။
(ဃ) စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဆပ်ကော်မတီ။
(င) စွမ်းအင်လုပ်ငန်းဆပ်ကော်မတီ။
(စ) သာသနာရေးလုပ်ငန်းဆပ်ကော်မတီ။
(ဆ) လူမှုဝန်ထမ်းလုပ်ငန်းဆပ်ကော်မတီ။
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ၁၃-၆-၈၉ ရက်နေ့မှစ၍ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးများ၊ ပြည်နယ် ဥက္ကဌများမှ ဥက္ကဌ အဖြစ်ဆောင်ရွက်သော ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ (၁၁) ခုကို ဖွဲ့စည်းခဲ့ပြီး၊ ခရိုင်၊ မြို့နယ်အဆင့်အထိ လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါသည်။ နိုင်ငံတော်သမ္မတရုံး၏ ၂ဝ-၄-၂ဝ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၆/၁၁) အရ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌများအဖြစ် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ် များအား တာဝန်ပေးအပ်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၂.၅.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၂) ဆုံးဖြတ်ချက်အရအောက်ပါအတိုင်း "ဒေသဆိုင်ရာလုပ်ငန်းကော်မတီ (၉) ခု" ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါသည်-
(က) ကချင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
( ခ) ရှမ်းပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
( ဂ) ကယားပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
(ဃ) ကရင်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
( င) မွန်ပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
( စ) တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာလုပ်ငန်းကော်မတီ
(ဆ) ရခိုင်ပြည်နယ် ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
( ဇ) ချင်းပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
(ဈ) စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ
နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပီပီပြင်ပြင်စနစ်တကျဆောင်ရွက် နိုင်ရန် နိုင်ငံတော်အစိုးရသည် ဥပဒေအမှတ်(၁၁/၉၃)ဖြင့် “နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကို ၁၃-၈-၉၃ ရက်နေ့တွင် ပြဌာန်းပေးခဲ့ပါသည်။ အဆိုပါ ဥပဒေအား လက်ရှိအခြေအနေနှင့်ကိုက်ညီစေရန်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှဥပဒေအမှတ် (၇/၂ဝဝ၆)ဖြင့် “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ”အား ၁၁-၈-၂ဝဝ၆ ရက်နေ့တွင်လည်းကောင်း၊ “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင် သည့် ဥပဒေ”အား ၂၂-၇-၂ဝ၁၅ ရက်နေ့တွင်လည်းကောင်း ပြဌာန်းပေးခဲ့ပါသည်။
ထိုမှဖွံ့ဖြိုးရေး လုပ်ငန်းများကို ပင်မစီမံကိန်းတစ်ရပ်ရေးဆွဲ၍ ၁၉၉၃-၉၄ ဘဏ္ဍာရေးနှစ်မှ ၁၉၉၅-၉၆ ဘဏ္ဍာရေး နှစ်အထိ ပထမနှစ်တို ၃ နှစ်စီမံကိန်း၊ ၁၉၉၆-၉၇ ဘဏ္ဍာရေးနှစ်မှ ၂ဝဝဝ-၂ဝဝ၁ ဘဏ္ဍာရေးနှစ် အထိ ပထမနှစ်လတ် ၅ နှစ်စီမံကိန်းနှင့် ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်မှ ၂ဝဝ၅-၂ဝဝ၆ ဘဏ္ဍာရေး နှစ်အထိ ဒုတိယနှစ်လတ် ၅နှစ်စီမံကိန်း၊ စုစုပေါင်းစီမံကိန်းကာလ ၁၃ နှစ် သတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်၊ ထိုသို့ဆောင်ရွက်ခဲ့ရာမှ ၂ဝဝ၁-၂ဝဝ၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၃ဝ-၂ဝ၃၁ ဘဏ္ဍာရေးနှစ်အထိ ၅ နှစ်စီမံကိန်း ၆ ခုခွဲကာ နှစ် ၃ဝ စီမံကိန်း ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။ ယခုအခါပြောင်းလဲလာသောခေတ်နှင့်အညီ နယ်စပ်ဒေသ ဘက်စုံ ဖွံ့ဖြိုးရေးနှစ်၂ဝ နှစ်ရှည်စီမံကိန်းကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်မှ ၂ဝ၃ဝ-၂ဝ၃၁ ဘဏ္ဍာရေးနှစ် ထိ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။