တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မင်းသားချောင်းကူးနှင့် လယ်ကြီးကျေးရွာအဝင် ကွန်ကရစ်တံတားကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ပြုပြင်

ထားဝယ် မေ ၃၀

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် မင်းသားကျေးရွာအုပ်စု အိန္ဒရာဇာ-ဆင်ကူး-လယ်ကြီး-မင်းသား-ဆင်စွယ်-ရေငံကြီး-စိန်ဘုံ ကျေးရွာချင်းဆက် လမ်းပေါ်ရှိ မင်းသား ချောင်းကူးနှင့် လယ်ကြီး ကျေးရွာအဝင် R.C.C ကွန်ကရစ်တံတား ပေ ၆၀ နှစ်စင်းနှင့် (၅x၅x၂၆) ပေ Box Culvert တစ်စင်းတည်ဆောက်ခြင်း၊ ယင်းလမ်းပေါ် ရှိ ရေကျော်၍ ပျက်စီးနေသည့် လမ်းပိုင်း (၀/၄)မိုင် ပြင်ဆင်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ် ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံး (ထားဝယ်)၊ ‌‌ တိုင်းဒေသကြီးကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဦးရန်လင်းအောင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ခဲ့ပြီး လုပ်ငန်းညွှန်ကြားချက်များ ဆွေးနွေးမှာကြားကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)