ဝန်ကြီးဌာန၏ မူဝါဒ

      နယ်စပ်ရေးရာဝန်ကြီးဌာနသည် အောက်ပါမူဝါဒ (၄) ရပ်ကို ချမှတ်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

 

(က)    နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး။
(ခ )    နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေး။
(ဂ )    နယ်စပ်ဒေသနေ တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး။
(ဃ)    နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး။