နယ်စပ်ရေးရာဝန်ကြီးဌာနက မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားပါးသည့်ဒေသများအတွင်း ဆိုလာရေတင်စနစ်ဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ရေရှားပါးသည့်နေရာ ဒေသများ၌ ဆိုလာရေတင်စနစ်ဖြင့် သန့်ရှင်းသော သောက်သုံးရေရရှိရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာအုပ်စု ညောင်ပင်ဇောက်ကျေးရွာအနီး ရှေးဟောင်းတမုတ်ရှင်ပင် ရွှေဂူကြီးဘုရားအတွင်းရှိ တမုတ်ရွှေဂူ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ လေးလက်မစက်ရေတွင်း (တွင်းနက်) တစ်တွင်း တူးဖော်ခြင်း၊ ဆိုလာရေတင်စနစ်တပ်ဆင်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တစ်ခု တည်ဆောက်