
မုဒုံ၊ ဖေဖော်ဝါရီ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မွန်ပြည်နယ်အတွင်း ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအတွက် အလှူငွေများဆက်ကပ်လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးဉာဏ်မျိုးနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းတွင် မုဒုံမြို့နယ်၊ ရေတောင် မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၆ ဦးအတွက် အလှူငွေ ကျပ် ၃၇ သိန်း ၈ သောင်း တိတိအား ကျောင်းအုပ် ဆရာတော်ထံသို့ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Post Paragraph
Paragraph Images

