နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နိုဝင်ဘာလ        ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တာဝန်ရှိ သူများလိုက်ပါလျက် ၁-၁၁-၂၀၂၁ ရက်နေ့မှ ၄-၁၁-၂၀၂၁ ရက်နေ့အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နိုဝင်ဘာလ ၁ ရက်နေ့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် သထုံမြို့နယ်၊ မရမ်းကုန်း-ထိန်ပင်လမ်း (ဘူဒင်းချောင်-ထိန်ပင်လမ်းပိုင်း) ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများအား လည်းကောင်း ၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရေးမြို့နယ်၊ ချောင်းတောင် ကျေးရွာ အထကခွဲ RC ၂ ထပ် ကျောင်းဆောင်နှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းနှင့် ကဗျာဝ-တရုတ်ထောက် ပင်လယ်ကမ်းခြေပတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းအား လည်းကောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ရှေးဟောင်း သမိုင်းဝင် မဟာဖားဘောင်လှိုင်ဂူတော်အဝင်လမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းတာပေါင်အကာအကွယ်နံရံတည်ဆောက်ခြင်းလုပ်ငန်း၊ အံကစင်-မွန်စု-ကော့ခလိန်  ကတ္တရာခင်းခြင်းလုပ်ငန်းအား လည်းကောင်း၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသရှိသစ္စာအေးမြိုင်ကျေးရွာအတွင်း ဆောင်ရွက် ပြီးစီးခဲ့သည့် ကတ္တရာလမ်း ၆၀၀၀ ပေ ခင်းခြင်းလုပ်ငန်းနှင့် ၂၀၂၁-၂၀၂၂ (၆ လ) ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်၊ ရင်းဘိုင်ချောင်းကူး ပေ ၁၄၀ RC တံတား တည်ဆောက်မည့် လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်အတွင်း အမှန်တကယ် ဆောင်ရွက်ပေးရန် လိုအပ်သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေများ လျာထားဆောင်ရွက်သွားရေး၊ လမ်းတံတားလုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီအချိန်မီ ပြီးစီးရေးနှင့် ရေရှည်ကောင်းမွန်စေရန်  ဆောင်ရွက်သွားရေး မှာကြားခဲ့သည်။

        ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ကရင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ သထုံခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး၊ ကျိုက်ထို၊ ဘီးလင်း၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောနှင့် ဘားအံမြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ သထုံ၊ ရေးနှင့် ဘားအံမြို့များရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ၊ မုဒုံ၊ ရေး၊ ဘားအံနှင့် မြိုင်ကြီးငူမြို့များရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများကို သွားရောက်စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ကျောင်းသား/ ကျောင်းသူများအား တွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိသည်။