ရန်ကုန်၊ နိုဝင်ဘာလ ၂  ရက်

     နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(၇၅)၊ အဆင့်မြင့်စက်ချုပ်နည်းပြသင်တန်း အမှတ်စဉ်(၃၉)၊ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၁ဝ၉) သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ၁-၁၁-၂ဝ၂၁ ရက်နေ့ နံနက် ဝ၈:ဝဝ နာရီတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူအင်အား ၁၀၀ ဦး တို့ တက်ရောက်ခဲ့ပါသည်။

          အဆိုပါ သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ  ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်  ခံယူချက်၊ ယုံကြည်ချက်မှန်ကန်စွာဖြင့် ဝန်ထမ်းကောင်း တစ်ဦး ဖြစ်လာစေရန်ဖြစ်ပြီး သင်တန်းကာလမှာ  ရက်သတ္တ ၁၂ ပတ်ကြာ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။