နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

ဇန်နဝါရီ လ ၂၂  ရက်
    နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်တွင် ဇမ္မူသီရိမြို့နယ် အေးမြရွှေပြည်ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများအတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ဆား ၊ ကုလားပဲ ၊ ကြက်ဥနှင့် အခြားစား‌သောက်ဖွယ်ရာများအပြင် သံဃာတော်များ၊ စာသင်သားသာမဏေများ အတွက် ဗုဒ္ဓစာပေ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများအား လှူဒါန်းခဲ့ပါသည်။
    နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် လတ်တလော ဖြစ်ပွားလျက်ရှိသည့် Covid-19 ကပ်ရောဂါကြောင့် ပြည်နယ်/တိုင်းဒေသကြီးအသီးသီးရှိ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတ ကျောင်းများသို့လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် ဒေသအသီးသီးရှိ Covid-19 စင်တာများသို့လည်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေး လျက်ရှိကြောင်းသတင်းရရှိပါသည်။