ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု

သြဂုတ်လ ၂၃ ရက်

နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသ တောင်ပေါ်ကျေးရွာများအား၊ ကျေးရွာချင်း ဆက်လမ်းများဖောက်လုပ်ပေးခြင်း၊ မြို့နယ်ချင်းဆက်လမ်းများ ဖောက်လုပ်ပေးခြင်းများအား နယ်စပ် ဒေသနေတိုင်းရင်းသားများ၏ လူမှု စီးပွား ဘဝများမြင့်မားတိုးတက်လာစေရေးနှင့် နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း၍ နယ်စပ်ဒေသ နယ်မြေများအကြားအလပ်မရှိ မျှတအချိုးညီစွာဖွံ့ဖြိုးတိုးတက် စေရေးတို့ ရည်သန်လျက် ဆောင်ရွက်ပေးလျှက်ရှိရာ ကွမ်းလုံ မြို့နယ်၊ ဟိုလီ - နမ့်ချင်းဟော် - နမ့်ကျွမ်း - ကော်ထိုက်တန် - တာပေါင်းပေါင်းလမ်း (၂၂/၄)မိုင်အနက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် (၁၄၆.၁၀၀)သန်းဖြင့် အမာခံလမ်း(၅/၀)မိုင်ဖောက်လုပ်ခြင်း လုပ်ငန်းမှာ  လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါအမာခံလမ်း ဖောက်လုပ်ပေးနိုင်ခဲ့သဖြင့် တောင်ပေါ်ဒေသရှိ တိုင်းရင်းသားသွေးချင်းများတို့မှာ လားရှိုး - ကွမ်းလုံ လမ်းမကြီးမှတဆင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့တို့နှင့်ဝ”ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း၊ ဟိုပန်မြို့သို့လည်းကောင်း ရာသီမရွေး အချိန်မရွေးသွားလာနိုင်ပြီး၊ တိုင်းရင်းသားသွေးချင်းများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မြဲကာ ရိုးရာယဉ်ကျေးမှု ဓလေ့ စရိုက်များ ဖလှယ်နိုင်ပြီး၊ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရပါသည်။

Post Paragraph