![]() |
![]() |
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဆွစ်ဇာလန်နိုင်ငံ အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် SWISSAIDတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့တွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၉ ခုနှစ် အထိ ရေရှည်တည်တံ့ ခိုင်မြဲသောစိုက်ပျိုးရေးနှင့် သဘာဝ အရင်းအမြစ်များဖြင့် ကျေးလက်ဒေသဘက်ပေါင်းစုံဖွံ့ဖြိုးရေးစီမံကိန်းအား အမေရိကန်ဒေါ်လာ ၈.၅၂၆ သန်း သုံးစွဲ၍ စီမံကိန်း အဆင့် ၅ ဆင့် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။
![]() |
![]() |
ယခုလက်ရှိ စီမံကိန်းအနေဖြင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်မော်၊ ဗန်းမော်၊ မိုးမောက်၊ ချီဖွေ၊ မန်စီ၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်မြို့နယ်များ နှင့် ရှမ်းပြည်နယ် တောင်ကြီး၊ ဆီဆိုင်၊ ဟိုပုံး၊ ပင်းတယ၊ ဖယ်ခုံ၊ ပင်လောင်း၊ ရွာငံမြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် ၂၀၂၂ ခုနှစ်အထိ အမေရိကန် ဒေါ်လာ ၃.၀၀၃ သန်း လျာထား၍ ရေရှည်တည်တံ့သော စိုက်ပျိုးရေး နည်းပညာ သင်တန်းများ အား ပံ့ပိုး ပေးခြင်း၊ လယ်သမားများအတွက် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးခြင်း၊ စပါးဘဏ်နှင့် မျိုးစေ့ဘဏ်များ ပံ့ပိုးပေးခြင်း၊ မိသားစုဝင်ငွေတိုး တိရစ္ဆာန် မွေးမြူရေး လုပ်ငန်း၊ အသေးစား စီးပွားရေး လုပ်ငန်းများအားပံ့ပိုးခြင်း၊ အစုအဖွဲ့ပိုင် သစ်တော အသုံးပြုသူ အဖွဲ့များအား သင်တန်းနှင့် အစည်းအဝေးများ ပြုလုပ်နိုင်ရေးအတွက် ပံ့ပိုးခြင်း၊ သစ်တော အခြေပြု အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် သွင်းအားစုများ ပံ့ပိုးခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်း ဆိုင်ရာ သင်တန်း အစီအစဉ်များ ပံ့ပိုးပေးခြင်း၊ တောင်သူလယ်သမားများ နှင့် လူထုအခြေပြု အဖွဲ့ အစည်းများအတွက် ကျေးရွာချင်း အပြန်အလှန် လေ့လာရေးခရီးများ စီစဉ်ပံ့ပိုးခြင်း လုပ်ငန်းများအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ အမေရိကန် ဒေါ်လာ ၁.၈၂၉ သန်း ဖြင့် စီမံကိန်းလျာထားချက်၏ ၆၁% ဆောင်ရွက်ပြီးစီးပြီး ဖြစ်ပါသည်။
![]() |
![]() |
