ကျိုက်မရောမြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

အောက်တိုဘာလ     ရက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နယ်စပ်ဒေသ ကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနက မိကသစ် - မိနွတ်မြေသားလမ်း ၃ မိုင် အနက် ကျောက်လမ်း ၂ မိုင်ခင်းခြင်း၊ မိကသစ် - လေးအိမ်စုလမ်းပေါ်တွင် တံတားမြေထိန်းနံရံ တည်ဆောက်ခြင်း၊ ဆင်လဲတောင် - တခလာ - ကျောက်ဘီလူး - မိခွမ်း - ကျောက်အင်းလမ်း ၁ မိုင် ၃ ဖာလုံ ကျောက်လမ်း ခင်းခြင်း၊ ရှေးဟောင်းသမိုင်းဝင် မဟာဖားဘောင် လှိုင်ဂူတော် အဝင်လမ်း ၁ မိုင် ၂ ဖာလုံ ကွန်ကရစ် လမ်းခင်းခြင်း၊ အဆိုပါလမ်းတွင် လမ်းတာပေါင် အကာအကွယ်နံရံ တည်ဆောက်ခြင်းနှင့် Box Culvert ၃ စင်းတည်ဆောက်ခြင်း၊ အံကစင် (မွန်စု) - လွှစင်ကုန်း - ကော့ခလိန်လမ်း ၄ မိုင် ၇ ဖာလုံအနက် ကတ္တရာလမ်း ၁ မိုင်ခင်းခြင်းလုပ်ငန်းများကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုရန်ပုံငွေ ကျပ် ၈၇၂ ဒဿမ ၁၇၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မွန်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။