ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ကတ္တရာခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

သြဂုတ်လ ၅ ရက်

             နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၉၀.၈၄၂ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် ကရင်ပြည်နယ်လှိုင်းဘွဲ မြို့နယ်၊ မြိုင်ကြီးငူဒေသ၊ သစ္စာအေးမြိုင်ကျေးရွာအတွင်း ကတ္တရာလမ်း ၆၀၀၀ ပေ ခင်းခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။

             အဆိုပါ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသ၊ သစ္စာအေးမြိုင်ကျေးရွာ ကတ္တရာလမ်း ၆၀၀၀ ပေ ခင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် မြိုင်ကြီးငူဒေသအတွင်း ဒေသခံ ကျေးရွာ ၁၄ ရွာ၊ အိမ်ခြေ ၄၂၄၆ အိမ်၊ လူဦးရေ ၂၆၂၃၅ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်စပ်နေသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုမည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဝမ်းမြောက်လျက် ရှိကြောင်း သတင်းရရှိသည်။