သြဂုတ်လ ၂၇ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း တိုင်းရင်း သားပြည်သူများ တစ်ဒေသနှင့်တစ်ဒေသ သွားလာမှုလွယ်ကူမြန်ဆန်စေရေးအတွက် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဒေသချင်းအလိုက် နယ်မြေများအကြားအလပ်မရှိ မျှတအချိုးညီစွာ ဖွံ့ဖြိုးတိုးတက်ရေးဟူသော ရည်မှန်းချက်များချမှတ်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အ ဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ကွတ်ခိုင်မြို့နယ် မိုင်းယုလေး - ဂျုံနော - ရှောက်ပန်းကုန်း - မိုင်းဝီးလမ်း(၂၇/၀)မိုင်အား ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်အထိ မြေသားလမ်း(၂၂/၄)မိုင် ဆောင်ရွက် ပေးနိုင်ခဲ့ပါသည်။ အဆိုပါလမ်းပိုင်းမှ ကျန်ရှိသည့်(၄/၄)မိုင်လမ်းပိုင်းအား နယ်စပ်ရေးရာဝန်ကြီး ဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်(၁၈၆.၃၀၈)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး၁၀၀%ဆောင်ရွက်ပြီးဖြစ်ပါသည်။ အဆိုပါလမ်းပေါ်ရှိ တောင်ပေါ်ဒေသကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူ(၂၀၀၀)ကျော်သည် အဆိုပါလမ်းအား အသုံးပြု၍ နမ့်ခမ်း၊ မူဆယ်၊ သိန္နီ၊ လားရှိုးမြို့များသို့ လွယ်ကူစွာသွားလာနိုင်ပြီး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။