နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေကျပ် ၁၉၀.၈၄၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် ကရင်ပြည်နယ်လှိုင်းဘွဲ မြို့နယ်၊ မြိုင်ကြီးငူဒေသ၊ သစ္စာအေးမြိုင်ကျေးရွာအတွင်း ကတ္တရာလမ်း ၆၀၀၀ ပေ ခင်းခြင်းလုပ်ငန်း အား ငွေတောင်တန်းကုမ္ပဏီမှ ၂၆-၁၁-၂၀၂၀ ရက်နေ့တွင် လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ       ၃၀-၃-၂၀၂၁ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

             အဆိုပါ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသ၊ သစ္စာအေးမြိုင်ကျေးရွာ ကတ္တရာလမ်း ၆၀၀၀ ပေ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသဖြင့် မြိုင်ကြီးငူဒေသအတွင်း ဒေသခံကျေးရွာ ၁၄ ရွာ၊ အိမ်ခြေ ၄၂၄၆ အိမ်၊ လူဦးရေ ၂၆၂၃၅ ဦးတို့သည်   လမ်းကိုအဆင်ပြေစွာ အသုံးပြုလျက် ရာသီမရွေးသွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်စပ် နေသော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုကြောင်း သိရှိပါသည်။