‌မတ်လ ၈ ရက်

          ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဖရူဆိုမြို့နယ်အတွင်း ခွင့်ပြုငွေ ကျပ် (၁၇၃.၇၃၃) သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ဖရူဆို မြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ဟိုယာ-ဒိုရာ (အောက်) ကျေးရွာချင်းဆက်လမ်း (၅/၀) မိုင်အနက် (၁/၄) မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် Box Culvert (၃) စင်းတည်ဆောက်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ခွင့်ပြုငွေကျပ် (၂၀၃.၂၆၇) သန်းဖြင့် ဟိုယာကျေးရွာအုပ်စု၊ ဒိုမိုခို-ဘီသူ (အထက်) ပြည်နယ်ချင်းဆက်လမ်း (၁၅/၀) မိုင်တွင် (၅/၄) မိုင် မြေလမ်းချဲ့ခြင်း၊ စတက်ဘားခံခြင်း၊ ရေနှုတ် မြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊ Box Culvert (၁၁) စင်း တည်ဆောက်ခြင်းလုပ်ငန်းအား လည်းကောင်း၊ ခွင့်ပြုငွေကျပ် ၃၅၆.၅၀၀ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ဟိုယာ-ရီခီးဘူး- ခါးဘယ်-ဘွယ်ဒိုးသာ (၁၅/၀) မိုင်အနက် (၂/၀) မိုင် ကတ္တရာခင်းခြင်းလုပ်ငန်းတို့အား ယနေ့တွင် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

          အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမည်ဆိုပါက ကျေးရွာ (၁၄) ရွာ အိမ်ခြေ (၇၄၉) အိမ် နှင့် လူဦးရေ (၃၆၄၄) ဦး အကျိုးပြုမှုရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။