၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသရှိတိုင်းရင်းသားပြည်သူများ လမ်ပန်းဆက်သွယ်မှု လွယ်ကူလျင်မြန်စေရေးအတွက် နယ်စပ်ဒေသအစွန်အဖျားရှိ တောင်ပေါ်ကျေးရွာများအား ကျေးရွာချင်းဆက်လမ်းများမှတဆင့် မြို့နယ်ချင်းဆက်လမ်းများအထိ တိုးမြှင့်ဆောင်ရွက်ပေး လျက်ရှိပါသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ရှမ်းပြည်နယ်( မြောက်ပိုင်း )ကွမ်းလုံမြို့နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လောက်ကိုင်မြို့နယ်သို့ ဆက်သွယ်သွားလာနိုင်မည့် လောက်ကိုင် - တောက်ရွှေ - ရှုကိန်းရွှေ - အာလာဗြဲ - ကွမ်းလုံ( ၁၀ / ၀)မိုင်လမ်းပိုင်းအား ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉ - ၂၀၂၀ဘဏ္ဍာရေးနှစ်အထိ မြေသားလမ်းအဖြစ် ဖောက်လုပ်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ်( ၂၇၅ . ၈၅၉ ) သန်းဖြင့် ကျောက်လမ်း( ၂ / ၀ )မိုင် စတင်၍ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး တောင်ပေါ်ဒေသမိုးများသောဒေသဖြစ်သဖြင့် အမာခံကျောက်သားရရှိရေး ဆောင်ရွက်နေမှုအား ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရှိရပါသည်။