မိုင်းပန်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် များစွာ အကျိုးဖြစ်ထွန်းလျှက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၏ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စုရန်ပုံငွေ)များဖြင့် လမ်းလုပ်ငန်းများအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ မိုင်းပန်မြို့နယ်ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကကျသော မိုင်းပန်-နောင်လေ-မိုက်ပုတ်(ပန်ပိ)-ဝမ်မုတ်-ပန်တဝိ-ဝမ်ဟတ် ၃၆/၀ မိုင်ရှည်လျားသောလမ်းပေါ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၉၃.၃၃၅ သန်းဖြင့်ဆောင်ရွက်ရွက်လျက်ရှိသော မိုင်းပန်မြို့အထွက်မှ နောင်လုံရွာအထိ ကျောက်လမ်း ၂/၀မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းနှင့် ၂၄၅.၀၀၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ၅/၀ မိုင် ကျောက်ဗြုန်းအမာခံလမ်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအား  မိုင်းပန်မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူ များက လုပ်ငန်းအရည်အသွေးကောင်းမွန်မှုရှိစေရေး သွားရောက်စစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

              မိုင်းပန်မြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် အဆိုပါလမ်းပေါ်တွင် တည်ရှိသော အိမ်ခြေ ၅၉၉ အိမ်၊ အိမ်ထောင်စု ၉၁၄ စု၊ လူဦးရေ ၃၂၃၃ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေးလွယ်ကူလျင်မြန်တိုးတက်လာပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ယခင်ကထက် များစွာ ပြောင်းလဲတိုးတက်လာစေမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Post Paragraph