မိုင်းရယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် ကျောက်ချောလမ်း အဆင့်မြှင့်တင်ဆောင်ရွက်

၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၈

          နယ်စပ်ရေးရာဝန်ကြီးဌာနမှ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှမ်းပြည်နယ် (မြောက်ပိုင်း)နယ်မြေ၊ မိုင်းရယ်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန် စေရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိရာ နမ့်လန်း - ဟိုတိ - မန်ကျောင်း(ပန်ရှင်)လမ်းပိုင်း သည် မြေသားလမ်း (၆/၀) မိုင် ရှည်လျားပြီး ဒေသအတွင်း ရာသီမရွေးသွားလာနိုင်စေရေးအတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြု ရန်ပုံငွေကျပ် (၂၇၆.၇၃၄) သန်းဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြေသားလမ်းအဆင့်မှ  ကျောက်ချောလမ်း ( ၂/ ၀ ) မိုင်ဖောက်လုပ်လျက် ရှိပါသည်။

          အဆိုပါ ကျောက်ချောလမ်းဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။