မိုင်းရယ်မြို့နယ်အတွင်းကျေးရွာချင်းဆက်လမ်းများဖောက်လုပ်ဆောင်ရွက်ပေး

၂၀၂၀ နိုဝင်ဘာ ၁၁

            နယ်စပ်ရေးရာဝန်ကြီးဌာနမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာ ချင်းဆက်လမ်းပိုင်းဖြစ်သော လွယ်ဆိုင်ကျေးရွာမှ မိုင်းဟ - မန်မုံကျေးရွာချင်းဆက်လမ်းပိုင်း (၄/၁) မိုင်မြေလမ်းအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၅၇.၈၄၇) ဖြင့် မြေသားလမ်း (၃/၂) မိုင်အား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

            ယခုအခါ အဆိုပါကျေးရွာချင်းဆက် မြေသားလမ်းအား နယ်စပ်ဒေသရှိ ဒေသခံတိုင်းရင်း သားပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း( ၉၅ . ၂၆၆ )ဖြင့် ဗြုန်းကျောက်ခင်းခြင်း( ၃/ ၂ )မိုင်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းခွင်သို့ ရှမ်းပြည်နယ်(မြောက်ပိုင်း )ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်စွာဝင်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ပြီးစီးသွားပါက ၎င်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကျေးရွာ (၁၂) ရွာမှ အိမ်ထောင်စု (၅၈၀) စုနှင့် ဒေသခံတိုင်းရင်းသား ပြည်သူ (၂၉၇၉) ဦးတို့အတွက် အချိန်တိုအတွင်း မိုင်းရယ်မြို့နှင့် လားရှိုးမြို့သို့ ရာသီမရွေး သွားလာနိုင်တော့မည်ဖြစ်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် ခံစားလာမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရပါသည်။