မြန်မာ-အိန္ဒိယ နယ်စပ်ဒေသဖွံ့ဖြိုးရေး စီမံကိန်း

 နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အိန္ဒိယ သမ္မတ နိုင်ငံတို့ ပူးပေါင်း၍ မြန်မာ- အိန္ဒိယ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးကို ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စတင်၍ တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ၅ ကြိမ် ဆောင်ရွက်လျက်ရှိပြီး ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ မြို့နယ်များတွင် လည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များ တွင် လည်းကောင်း၊လမ်း/တံတား ဖောက်လုပ်တည်ဆောက်ခြင်း၊ စာသင်ကျောင်းများ၊ ကျေးလက် ကျန်းမာရေး ဌာနခွဲများ ဆောက်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

၂။ တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် စတုတ္ထအကြိမ်အထိ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆောင်ရွက်ခဲ့သည့် လမ်းတံတားလုပ်ငန်း အနေဖြင့် ချင်းပြည်နယ်၊ ဟားခါး၊ တွန်းဇံ၊ ထန်တလန်၊ ကန်ပက်လက်၊ မင်းတပ်၊ ဖလမ်း၊ ရေဇွာ၊ မတူပီ၊ မြို့နယ်များရှိ ကျေးရွာ ၄၀၀ ရွာတွင် မြေသားလမ်း ၁၂၁/၃ မိုင်၊ ကွန်ကရစ် တံတား ၅ စင်း၊ ကြိုးတံတား ၇ စင်း၊ ဘေလီတံတား ၁၁ စင်း၊ ကျောက်စီမြေထိန်းနံရံ ၁ ခု၊ ကျောက်စီ မြေကာနံရံ ၃ ခု၊ Box Culvert ၂၂၁ စင်း၊ မြေထိန်းနံရံ ၁ ခု၊ ပညာရေးလုပ်ငန်းအနေဖြင့် စီမံကိန်းမြို့နယ်များရှိ ကျေးရွာ ၅၈ ရွာအတွက် မူလတန်းကျောင်း ၁၄ ကျောင်း၊ မူလတန်းလွန်ကျောင်း ၁ ကျောင်း၊ အလယ်တန်း ကျောင်းခွဲ ၂ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၄ ကျောင်း၊ စုစုပေါင်း စာသင်ကျောင်း ၂၂ ကျောင်း ဆောက်လုပ်ပေးခြင်းနှင့် ဆရာ/ဆရာမ နေအိမ် ၁ လုံး၊ စီမံကိန်းမြို့နယ် များရှိ ကျေးရွာ ၄၁ ရွာ တို့အတွက် ကျန်းမာရေးဌာန ၉ ခု ဆောက်လုပ်ပေးခြင်း၊ လူထုအဖွဲ့အစည်းရုံး အသစ် အဆောက်အဦ ၁လုံး ၊ မြို့နယ်ခန်းမ ၂ ထပ် အဆောက်အဦ ၁ လုံးတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၃။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များတွင် လမ်းတံတားလုပ်ငန်းအနေဖြင့် စီမံကိန်းကျေးရွာ ၂၀၃ ရွာအတွက် မြေသားလမ်း ၁၇၁/၂ မိုင်၊ ကျောက်လမ်း ၈ မိုင်၊ ကတ္တရာလမ်းခင်းခြင်း ၂/၃ မိုင်၊ ကြိုးတံတား ၃ စင်း၊ ကွန်ကရစ်တံတား ၄ စင်း၊ ဘေလီတံတား ၉ စင်း၊ Box Culvert ၆၆ စင်း၊ မြေထိန်းနံရံ ၁ ခု၊ ပညာရေး လုပ်ငန်းအနေဖြင့် စီမံကိန်း မြို့နယ်များရှိ စီမံကိန်းကျေးရွာ ၅၃ ရွာ တို့အတွက် မူလတန်းကျောင်း ၂၁ ကျောင်း၊ မူလတန်းလွန် ကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်းကျောင်း ၁ ကျောင်း၊ အထက်တန်း ကျောင်းခွဲ ၁ ကျောင်း၊ စုစုပေါင်း ၂၇ ကျောင်းဆောက်လုပ်ပေးခြင်း၊ စီမံကိန်း မြို့နယ်များ ရှိ ကျေးရွာ ၂၇ ရွာအတွက် ကျန်းမာရေး ဌာန ၉ ခု ဆောက်လုပ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။