‌မတ်လ ရက်

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော မိကသစ်-မိနွတ်လမ်း (၃/၀) မိုင်အနက် ကျောက်လမ်း (၂/၀)မိုင် ခင်းခြင်း၊  မိကသစ်-လေးအိမ်စုလမ်းပေါ်တွင် တံတားမြေထိန်းနံရံ တည်ဆောက်ခြင်း၊ ဆင်လဲတောင်-တခလာ-ကျောက်ဘီလူး-မိခွမ်း-ကျောက်အင်းလမ်း (၁/၃) မိုင် ကျောက်လမ်း ခင်းခြင်း၊ ရှေးဟောင်းသမိုင်းဝင်မဟာဖားဘောင်လှိုင်ဂူတော် အဝင်လမ်း (၁/၂) မိုင် ကွန်ကရစ် ခင်းခြင်း၊ အံကစင် (မွန်စု)-လွှစင်ကုန်း-ကော့ခလိန်လမ်း (၄/၇) မိုင် အနက် ကတ္တရာလမ်း (၁/၀) မိုင် ခင်းခြင်း လုပ်ငန်းများကို ခွင့်ပြု ရန်ပုံငွေ ကျပ် ၈၀၂.၅၅၀ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးရေးအတွက် ကျိုက်မရောမြို့နယ်၊ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေစီနှင့် တာဝန်ရှိသူများသည် ယနေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။