မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မော်လမြိုင်မြို့အတွင်း ကျောင်းတိုက်တော်များထံသို့ ဝါဆိုသင်္ဃန်းနှင့်အလှူတော်ငွေများ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့်စာသင်တိုက်ကြီးများသို့ ဆွမ်းဆန်တော်၊ဆီ၊ပဲများ လှူဒါန်း

မော်လမြိုင်၊ ဩဂုတ် (၈)                                                                      
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ တာဝနိရှိသူတို့သည် သြဂုတ်လ(၈)ရက်နေ့ နံနက် (၉) နာရီအချိန်တွင် မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ဆရာတော်ကြီးအားဖူးမြှော်ကြည်ညို၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းမှ ဝါဆိုသင်္ဃန်းနှင့် အလှူတော်ငွေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်(၆၅)အိတ်၊ ဆီ(၆၅)ပိဿာ၊ ပဲ(၁၄၀) ပိဿာများ ဆက်ကပ်လှူဒါန်းပြီး အနုမောဒနာတရားကြည်ညိုနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။

အဲဒီနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် အဖွဲ့သည် မော်လမြိုင်မြို့ ကော့လှာစာသင်တိုက်တွင် ဆန်(၁၅)အိတ်၊ ဆီ(၁၀)ပိဿာ၊ ပဲ(၁၀) ပိဿာများလည်းကောင်း၊ ကျိုက်မရောမြို့နယ်၊ ထားဝယ်ကျောင်းတွင် ဆန်(၇)အိတ်၊ ဆီ(၁၀)ပိဿာ၊ ပဲ(၁၅) ပိဿာများ သွားရောက်ခဲ့ကြပြီး ဆရာတော်ကြီးများထံ ဝါဆိုသင်္ဃန်း၊ အလှူတော်ငွေများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ပေးအပ်လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ပဲများဆက်ကပ်လှူဒါန်းခဲ့ကြကာ သာသနာရေးရာဆိုင်ရာများ လျှောက်ထား၍ ဆရာ​တော်များ၏ မိန့်ကြားချက်များအ​ပေါ် ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့ပါသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတက်ရေးဦးစီးဌာန အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်ကြီးမျာမှ ဝါဆိုသံဃာတော်များ၊ စာသင်သားများအတွက် ကိုဗစ်- ၁၉ ကာလအတွင်း ဆွမ်းဝေယျာဝစ္စအဆင်ပြေစေရေးအတွက် ငွေကျပ် (၁၁၇) သိန်း တန်ဖိုးရှိ ဆန် (၃၂၉) အိတ်၊ ဆီ (၂၇၅) ပိဿာနှင့် ပဲ (၅၄၅) ပိဿာတို့အား မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့၊ သထုံမြို့၊ ကျိုက်မရောမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်တိုက်ကြီး (၉) ကျောင်းအသီးသီးတို့အားလှူဖွယ်ဝတ္ထုပစ္စည်းများထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရပါသည်။

Post Paragraph