မြဝတီမြို့နယ်အတွင်း ကျောက်ချောလမ်း ဖောက်လုပ်ပြီးစီး

အောက်တိုဘာလ      ရက်

နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်  နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၆၈ ဒဿမ  ၁၆၈ သန်းဖြင့်  ကရင်ပြည်နယ် ၊ မြဝတီမြို့နယ် ၊ ရွှေကုက္ကိုလမ်းဆုံ- ထီးကော်ထော - မော်ဖားသူ မြေသားလမ်း ၂၂ မိုင်အနက် ကျောက်ချောလမ်း ၁မိုင် ၄ ဖာလုံခင်းခြင်း လုပ်ငန်းအား ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။

အဆိုပါမြေသားလမ်း ၂၂ မိုင်သည် မြဝတီမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၂၅၀၀ အိမ်၊ အိမ်ထောင်စု ၃၄၆၀ စု ၊ လူဉီးရေ ၁၅၆၀၀ ဉီးတို့၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူပြုသည့် လမ်းဖြစ်ကြောင်းနှင့် ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုမှုအရ နယ်စပ်ရေးရာဝန်ကြီးဌာနက ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ကျောက်ချောလမ်း ၁ မိုင် ၄ဖာလုံ၊ ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ်အတွင်း ကျောက်ချောလမ်း ၁ မိုင် ၄ဖာလုံ  စုစုပေါင်း ကျောက်ချောလမ်း ၃ မိုင် ဖောက်လုပ်ပေးနိုင်ခဲ့ပြီး လာမည့် ၂၀၂၁-၂၀၂၂ (၆လ) ဘဏ္ဍာရေးကာလအတွင်း ကျောက်ချောလမ်း  ၂ မိုင် ဆက်လက်ဖောက်လုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။