
နေပြည်တော်၊ ဇန်နဝါရီလ ၂၆ ရက်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေ ကျပ်(၈၆၄.၄၀၃) သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီများက တာဝန်ယူ တည်ဆောက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းကို ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၏ လမ်းညွှန် မှာကြားချက်နှင့်အညီ တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်ပုံစံ၊ စံချိန်စံညွှန်းများ ကိုက်ညီစေရေး၊ အရည်သွေးပြည့်မီကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ကျောင်း၏ စီမံခန့်ခွဲရေးအဖွဲ့နှင့် အရည်အသွေး စစ်ဆေးရေးအဖွဲ့တို့မှ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့များတွင် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Post Paragraph
Paragraph Images

