အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၀)နှင့် မွန်ရိုးရာလက်ရက်ကန်း သင်တန်းဆင်းပွဲကျင်းပ

မုဒုံ အောက်တိုဘာ ၁၁     
     အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင် အဆင်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁၀)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်း အမှတ်စဉ် (၂၆)သင်တန်း ဆင်းပွဲကို ယမန်နေ့က သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
    အခမ်းအနားတွင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ထူးချွန်ဆုနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး က သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြ၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့က သင်တန်းသူများချုပ်လုပ်ထားသည့် လက်ရာများကို ကြည့်ရူအားပေးခဲ့သည်။
 

Post Paragraph