အောင်ပန်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

   ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ် အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း၌ စက်တင်ဘာ ၅ ရက်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်သည်။ 
    ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးခွန်အာကာထွန်းက လူငယ်ရေးရာနှင့်ပတ်သက်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းနှင့် လူငယ်တွေအားလပ်ချိန်မှာ အချိန်ကိုအကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ အွန်လိုင်းလိမ်လည်မှုဆိုင်ရာနှင့် ပတ်သက်၍ လက်ကိုင်ဖုန်းများမှတစ်ဆင့် Telegram၊ Viber၊ YouTube၊ Messenger တို့မှတစ်ဆင့် ဆက်သွယ်ပြောဆိုအယုံသွင်း၍ စာဖြင့် ဆက်သွယ်ကာ ငွေကြေးလိမ်လည်ခြင်း၊ သွေးဆောင်ကာ လူကုန်ကူးခြင်းများကို အွန်လိုင်းမှတစ်ဆင့် ကျူးလွန်ကြခြင်းကို အသိသတိဖြင့် ဆင်ခြင်ကြရန် အသိပညာပေးဟောပြောခဲ့သည်။
 

Post Paragraph