အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်‌ရေးရာ အသိပညာပေး ဟောပြော

ပခုက္ကူ မတ် ၄
    နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း‌ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို  မတ် ၃ ရက်က ပြုလုပ်သည်။
    အဆိုပါလူငယ်ရေးရာအသိပညာပေး‌ဟောပြောပွဲတွင် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က လူငယ်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး လူငယ်လူရွယ်များ အသိပညာဗဟုသုတများ ကြွယ်ဝစေရေး ဌာနရှိ ခရိုင်ပြည်သူ့ စာကြည့်တိုက်တွင် စာအုပ်စာစောင်များ ငှားရမ်းပေးနေမှုများ၊ စာဖတ်ဝိုင်း၊ ပုံပြင်၊ ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများနှင့် သင်တန်းများ ဖွင့်လှစ်ပို့ချပေးနေမှုအကြောင်းအရာများ၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်‌ထောင်စုစိတ်ဓာတ် ရှင်သန် ထက်မြက်ရေး အကြောင်းအရာများကို အသိပညာပေး‌ ဟောပြောသည်။
    အဆိုပါ ဟောပြောပွဲသို့ ပခုက္ကူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၇) သင်တန်းသူများ တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။

Post Paragraph