အမ်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

အမ်း၊ လူငယ်ရေးရာ
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းနှင့် ပူးပေါင်း၍ ယနေ့နေ့လည် အချိန်တွင်စာဖတ်ရှိန် မြှင့်တင်ရေးစာဖတ်ဝိုင်းကို အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
     ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်း က သင်တန်းသူ လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသူလူငယ်များသင်တန်း ပြီးဆုံးပြီးက မိမိဒေသအခြားအခြားသော နေရာဒေသတို့၌ တာဝန်ထမ်းဆောင်နေစဉ် ကိုယ်တိုင်လေ့လာ ခြင်းဖြင့် တိုးတက်မှုရရှိအောင်မြင်အောင်ပြုလုပ်ခြင်း၊ အသစ်တဖန် ဆန်းသစ်ခြင်းစဉ်ဆက်မပြတ်တိုး တက်မှုကိုရယူနိုင်ပြီး အမှားများကို ကြောက်ရွံ့ခြင်းမရှိဘဲ အမှားများမှ သင်ခန်းစာယူကာ လေ့လာသင်ယူ ခြင်းဖြင့် မိမိတို့၏ဘဝအတွက်ပိုမိုကောင်းမွန်သော ရည်မှန်းချက်သို့ လှမ်းတက်နိုင်စေရန်၊ ဝိုင်းဖွဲ့ဦးဆောင် ဆွေးနွေးသည့်အလေ့အထများရရှိစေပြီး စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေးစာဖတ်ဝိုင်းကိုကျင်းပ ပေးခဲ့ပါကြောင်းပြောကြားခဲ့သည်။
     ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်း အမှတ်စဉ် (၆) မှ သင်တန်းသူများက ကြိုက်နှစ်သက်ရာစာအုပ်များအား ဖတ်ရှုစေပြီး သူတို့အမြင်များအား အပြန်အလှန် ဆွေးနွေးကြကာ စာအုပ်ပါအကြောင်းအရာများမှ သိရှိလိုသည်များအား မေးမြန်းရာ ဦးစီးအရာရှိ ဦးစန်းဝင်း က အကြောင်းအရာတစ်ခုချင်းစီအားခြုံငုံ သုံးသတ်ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
     ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပါ အကြောင်းအရာများအား ရှင်းလင်းပြောကြားကာ သင်တန်းသူများအား "လူပြောတိုင်းအယုံ မလွယ်မိစေရန်နှင့် ငွေရလွယ်သောနည်းလမ်းများကို သတိထားရှောင်ရှားကြရန်" သတိပေးစကားများ ပြောကြားခဲ့ကြောင်းသိရသည်။
မြိုနယ်ပြန်/ဆက်
 

Post Paragraph